
သမ္မတအိုဘားမားသည် ဧပြီ ၂၃ ရက်နေ့က သူ၏ အာရှခရီးစဉ် ပထမပိုင်းကို ဆူရှီ သံတမန်နည်းဟန်ပါပါဖြင့် စတင်ဖွင့်လှစ်လိုက်သည်။ သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် တိုကျိုရှိ ဂျပန်များ အလေး အမြတ်ထားသော ဆူရှီဘုရားကျောင်းလေးတွင် အတူတကွ ညစာစားသုံးကြသည်။ ကောင်တာတွင် ထိုင်ခုံ ၁၀ခုံမျှသာရှိသော မြေအောက် စားသောက်ဆိုင်ကလေးမှာ ၂၀၁၁ ခု မှတ်တမ်းရုပ်ရှင် (documentary) ကြောင့် လူသိများ ထင်ရှားလာသည်။ ”အဲဒီမှာက ဆူရှီတွေဟာ တော်တော်ကောင်းပါတယ်။ အံ့သြစရာဖြစ်လောက်ပါ တယ်။ ဒီလိုဂရုစိုက် ဧည့်ခံလို့ ကျေးဇူးအများကြီးတင်ပါတယ်။” အိုဘားမားက သဘောကျနှစ်ခြိုက်သောလေသံဖြင့် သုံးသပ်ပြောဆိုလိုက်သည်။ မှတ်တမ်းရုပ်ရှင်ကိုကြည့်ပြီးခဲ့ရင်အကြောင်းရင်းကို သိနိုင်ပါသည်။ သမ္မတ သုံး ဆောင်လိုက်သော ဆူရှီကို အသက်၈၉နှစ်ရှိပြီဖြစ်သော ဆူရှီဝိဇ္ဇာ ဂျီရိုအွန်နိုကိုယ်တိုင် အလေးဂရုပြု မွမ်းမံပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ”သူ့လက်ရာဆူရှီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ဆိုနိုင်တယ်” မှတ်တမ်းရုပ် ရှင်ကား စီစဉ်òန်ကြားသူ ဒေးဗစ်ဂဲ(လ်ဘ်) (David Gelb) ကပြောပြသည်။ ”ဂျပန် ဆူရှီစစ်စစ်ကို ခံတွင်းတွေ့သူတွေအဖို့ အဲဒီနေရာကိုသွားပြီး သုံးဆောင်သင့်တယ်လို့ ပြောချင်ပါ တယ်။” သို့ရာတွင် အထူးအခွင့်အရေးအဖြစ် သီးသန့်ထားသော အဆိုပါ ထိုင်ခုံ ၁၀ ခုံထဲမှတစ်ခုံကို ရလောက်အောင် ကံမကောင်းတဲ့ ကျွန်တော်တို့လို လူအများအပြားအတွက်တော့ ဤကဲ့သို့ထင်ရှားသည့်နေရာမျိုး၌ ညစာစားသုံးရသော အတွေ့အကြုံကို ဂဲ(လ်ဘ်)ပြောပြတာကိုပဲ နားထောင်ရပေတော့မည်။
တစ်ခါမှ မရောက်ဖူးသူတွေအတွက်တော့ ၄င်းစားသောက်ဆိုင်မှာ ရုံးအဆောက် အဦးတစ်ခု၏ မြေအောက်ခန်းမှာ ခက်ခက်ခဲခဲရှာဖွေရသောနေရာဖြစ်ပြီးရောက်ရင်လည်း စားဖွယ်စာရင်းထဲမှာ တစ်ခုသာတွေ့ရမည်။ ၄င်းမှာ အိုမာကေ(စ်)ဟင်းလျာတစ်စုံ (Omakase Course) ဖြစ်၍ လူတစ်ယောက်အဖို့ ဒေါ်လာ ၃၀၀ မှ ၄၀၀ အတွင်း ကုန်ကျမည်ဖြစ်သည်။ ၄င်းဟင်းပွဲတွင် ဆူရှီ မျိုး (၂၀)ကိုစီမံထားပြီး တစ်ကြိမ်လျှင် တစ်မျိုး တည်ခင်းပေးသည်။ ”ခံတွင်းနှိုးစားတွေမပါသလို၊ ဘယ်လိုပေါင်မုန့်မျိုးမှလည်း မပါဘူး” ဂဲ(လ်ဘ်)က ပြောပြသည်။ ”ဒီအစီအစဉ်ဟာသူ့(စားဖိုမှူးအွန်နို၏)ပုံစံသက်သက်ပဲ၊ ဂန္တ၀င်တိုကျိုစတိုင်လ်လို့ခေါ်တယ်။ အခြေခံအားဖြင့် ငါးရယ်၊ ထမင်းရယ်နဲ့ Soy sauce ပဲပိစပ်ရည်၊ ဒါမှမဟုတ် နီကီရီ (nikiri) လို ချိုအောင်လုပ်ထားတဲ့ ပဲပိစပ်ရည်လို စားမြိန်စာမျိုးနဲ့ တွဲဖက်စားရတာဖြစ်ပါတယ်။” အကယ်၍ သင်ဟာ အွန်နိုရဲ့ ဖောက်သည်တစ်ဦးဖြစ်နေရင်တောင်မှ၊ စားဖွယ် စာရင်းကို ကြိုက်သလိုမှာဖို့မစဉ်းစားနဲ့-သင်ကိုယ်တိုင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီး ဖြစ်နေပါစေ၊ အဲဒီလိုမှာလို့မရဘူး၊ ”ကျုပ်သိတဲ့ ဂျီရိုဟာ ဘယ်သူ့အတွက်မှ သူ့ရဲ့ ဆူရှီကို အပြောင်းအလဲလုပ်မပေးဘူး” ဂဲ(လ်ဘ်)ကပြောပြသည်။ ”သူဟာ တစ်နေ့တာအတွင်း အကောင်းဆုံးလို့ သူထင်တဲ့ စားသောက်ဖွယ်မျိုးကိုသာ သူပေးမှာဖြစ်တယ်။’
စင်စစ်မှာမူ အွန်နိုသည် အမှန်တကယ်အကောင်းဆုံးကို ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်သည်။ ပုံစံအားဖြင့် နေ့စဉ်နေ့တိုင်း သူတည်ခင်းပေးမည့် ရေဘ၀ဲကို တစ်နာရီ ကြာကြာ နယ်ဖတ် ပြုပြင်ပေးလေ့ရှိသည်။ ”သူရွေးချယ်တဲ့ ရေဘ၀ဲတွေဟာ ပင်လယ်ကြမ်းပြင်မှာ ကျက်စားပြီး၊ ခုံးကောင်များနဲ့ အခြားအရသာရှိတဲ့ ကဏန်းပုစွန်တွေကို စားတဲ့အကောင်တွေဖြစ်တယ်။” ဂဲ(လ် ဘ်) ကပြောပြသည်။ ”အဲဒါကြောင့် သူရွေးချယ်ယူတဲ့ရေဘ၀ဲတွေဟာအ
”အလုပ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ ဒဿနအရပြောရရင်၊ လုပ်ရိုးလုပ်စဉ် ပုံမှန်အလုပ်တစ်ခု ရှာဖွေလုပ်ကိုင်ပြီး အဲဒီပညာရပ်အပေါ်မှာ ၀ိဇ္ဇာဖြစ်လာရင် တခြား ဘယ်အနုပညာမျိုးမှာမဆို အသုံးချလို့ရတယ်ဆိုတဲ့ အယူအဆဖြစ်တယ်” ဂဲ(လ်ဘ်)ကဆက်လက်ပြောပြသည်။ သို့ဖြစ်၍ အသေးစိတ်အထိ စေ့စပ်လှသည့် ဤသို့သော အနုပညာရှင်ရှေ့မှာ အစာစားရ ခြင်းမှာ တုန်လှုပ်စရာဖြစ်ကြောင်းတွေးကြည့်နိုင်သည်။ ”ကျွန်တော် အဲဒီဆိုင်မှာ ပထမဆုံးစားတုန်းက အတော်တုန်လှုပ်သွားတယ်” ဂဲ(လ်ဘ်)က ပြောပြသည်။ ”ကျွန်တော်ပြောချင်တာက ဒီပုဂ္ဂိုလ်ဟာ သက်ရှိဒဏ္ဍာရီဖြစ်နေတယ်။ ပြီးတော့ သူက ဖောက်သည်တွေကို စောင့်ကြည့်ပြီး အနီးကပ်လေ့လာနေတော့ ဒါဟာ မလွတ်လပ်ဘဲ တုန်လှုပ်ချောက်ချားစရာ အတွေ့အကြုံ တစ်ခုဖြစ်နေတာ ပေါ့။ သို့ရာတွင် ဆူရှီက အလွန်ကောင်းသဖြင့် စိတ်ကျဉ်းကျပ်မှုမှာ ချက်ခြင်းကွယ် ပျောက်သွားတတ်သည်။ ”စားသောက်ဆိုင်က အလွန်ဆိတ်ငြိမ်တယ်ဗျ} ဂဲ(လ်ဘ်)က ဆက်ပြောသည်။ တေးဂီတ သို့မဟုတ် တစ်စုံတစ်ရာဖျော်ဖြေစရာ ဘာမှမရှိဘူး။ ရေပန်းကထွက်ပေါ်လာတဲ့ ရေအသံပဲကြားရတယ်။ အဲဒီအခါ ဆူရှီစားပြီး မိန်းမောသွားတာဟာ အံ့ဖွယ်ရာ အတွေ့ အကြုံလို့ ဆိုနိုင်ပါတယ်။”
ဆူရှီဝိဇ္ဇာ စားဖိုမှူးကြီး ဂျီနိုအွန်နိုက သူ၏ ရေပန်းစားလှသော ဆူရှီ၏ လျှို့ဝှက်ချက်တစ်ခုဖြစ်သော
သူ၏လူသိများထင်ရှားလောက်အော င် နူးညံ့ ပျော့ပျောင်းသော လက်ဖ၀ါးများကို ပြသနေစဉ်။ သူ၏ စားသောက်ဆိုင် ဆူကီယာဘာရှိကီရိုမှာ တိုကျိုရုံး အဆောက်အဦဟောင်းတစ်ခု၏ ငြီးငွေ့ ဖွယ်ကောင်းသောမြေအောက်ခန်းတွင် တည်ရှိသည်။ (Everett Kennedy Brown/EPA/Corbis)