ပြောင်းဖူး၏အာဟာရနှင့် ကျန်းမာရေး

10435912_979239165435956_381177012422993806_nအလေ့ကျပြောင်းဖူးပင်ကို မျိုးယူပြီး ရှေးအကျဆုံး ထွန်ယက်စိုက်ပျိုးခဲ့တဲ့ နေရာဟာ မက်စီကိုနိုင်ငံTehuacan Velly ဆိုတဲ့ ချိုင့်ဝှမ်းဒေသလို့ ယုံကြည်ရပါတယ်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂၅ဝဝ လောက်ကတည်းက ပြောင်းဖူးဟာ အဲဒီဒေသကနေ တောင်နှင့် မြောက်အမေရိကဒေသ တွေကို ပျံ့နှံ့သွားခဲ့ပါတယ်။ အမေရိကတိုက်နှင့် ဥရောပ တိုက်အကြား ကုန်သွယ်ရေးစတင်ပြီး အေဒီ ၁၅ ရာစု နှောင်းပိုင်းနှင့် ၁၆ ရာစု အစပိုင်းလောက်မှာ ကုန်သည် တွေက ပြောင်းဖူးကို ဥရောပနိုင်ငံတွေဆီ သယ်ဆောင်လာ ခဲ့ပြီး အဲဒီကမှ အခြားနိုင်ငံတွေကို ရောက်ရှိသွားတာဖြစ် ပါတယ်။ ရာသီဥတုအခြေအနေ သိပ်မရွေးဘဲ စိုက်ပျိုးဖြစ်ထွန်းတဲ့အတွက် ပြောင်းဖူးဟာ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့ပါ တယ်။

သကြားပါဝင်မှုများတဲ့ ပြောင်းဖူး (ချို) အမျိုးအစား တွေကို ပြောင်းဖူးပြုတ်၊ ပြောင်းဖူး မီးဖုတ်၊ ပြောင်းဖူးကြော် စသဖြင့် အမျိုးမျိုး စားသုံးကြပါတယ်။ တိရစ္ဆာန်အစာ၊ ဆီထုတ်လုပ်ခြင်း၊ အရက်ချက်ခြင်း၊ အစားအစာပြုလုပ် ခြင်း စတာတွေအတွက် သုံးလို့ရ တဲ့ ပြောင်းမျိုးတွေလည်း ရှိပါတယ်။ ပြောင်းဖူးဟာ တောင်နှင့်မြောက် အမေရိကမှာ အများဆုံးစိုက်ပျိုးတဲ့ ကောက်နှံမျိုးဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာပင် တစ်နှစ်လျှင် မက်ထရစ် တန်ချိန် သန်း ၃၅ဝ လောက် ထွက်ရှိပါတယ်။ အဲဒီအထဲ ကမှ ၄ဝ % (တန်ချိန် သန်းပေါင်း ၁၄ဝ လောက်) ကို အက်သ နော (Ethanol) အရက် ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ ခရစ်နှစ် ၁ဝဝ၉ – ခုနှစ်အတွင်း အမေရိကန် ပြည်ထောင် စုမှာ
စိုက်ပျိုးခဲ့တဲ့ ပြောင်းဖူး ၈၅ % ဟာ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ ပြောင်းဖူး (Genetically Modified Maize)တွေ ဖြစ်ပါ တယ်။ ပြောင်းဖူးကို ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားမှာ စိုက်ပျိုးနိုင်တဲ့အပြင် စိုက်ပျိုးထွက်ရှိတဲ့ ပမာဏ တစ်နှစ် ထက်တစ်နှစ် တိုးတက်နေမှုဟာလည်း အခြားကောက်ပဲ သီးနှံတွေထက် ပိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ စိုက်ပျိုးထွက်ရှိမှု အများဆုံး နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံး ထွက်ရှိမှုရဲ့ ၄ဝ % လောက်ပင် ရှိပါတယ်။

၂ဝဝ၉ – ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ပြောင်းဖူး စိုက်ပျိုးထုတ်လုပ်မှု အများ ဆုံး ၁ဝ နိုင်ငံကို ပုံဇယား (၁) မှာ ဖော်ပြထားပါတယ်။ အခြားသီးနှံတွေ စိုက်ပျိုးမှုမှာ အမြဲ တန်းလိုလို ထိပ်ဆုံးက ရှိနေတဲ့ တရုတ်နိုင်ငံဟာ ပြောင်းဖူး စိုက်ပျိုးမှုမှာတော့ အမေရိကန် ပြည်ထောင်စုက အခြားနိုင်ငံ အားလုံးကို အပြက်ကျော်လွန်နေတာ တွေ့နိုင်ပါတယ်။

1374768_979239342102605_5058999606798563313_n……………………….
စားစရာပြောင်းဖူး
……………………….

မြန်မာတွေ ထမင်းကို နေ့စဉ် ပင်တိုင်အစာအဖြစ် စားကြသလို၊ ဂျုံစားတဲ့နိုင်ငံတွေမှာ ပေါင်မုန့်ဟာ ပင် တိုင်အစာဖြစ်သလို၊ ပြောင်းဖူးဟာအချို့နိုင်ငံတွေရဲ့ ပင် တိုင်အစာ ဖြစ်ပါတယ်။ ၁၆ – ရာစုအတွင်းမှာ ပေါ်တူဂီလူမျိုး တွေ သယ်ဆောင်လာတဲ့ ပြောင်းဖူးဟာ အာဖရိကနိုင်ငံ အများအပြားမှာ ပင်တိုင်အစာဖြစ်နေပါပြီ။ ဂျုံကို အမှုန့် ကြိတ်ပြီး အစားအစာ အမျိုးမျိုး ပြုလုပ်စားသုံးကြသလို ပြောင်းဖူးကိုလည်း အခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီး အစား အစာ အမျိုးမျိုး ပြုလုပ်စားသုံးကြပါတယ်။ အစားအစာ လုပ်ဖို့ အသင့်အမှုန့်ကြိတ် ထားတဲ့ ပြောင်းကို Cornmeal လို့ ခေါ်ပါတယ်။ ပြောင်းမှုန့်ကို ယာဂုကျိုသလို ကျိုပြီး စား သောက်တဲ့ဓလေ့ဟာဥရောပမှာ အီတလီ၊ ရိုမေးနီးယား၊ အမေရိကန် ပြည်ထောင်စု၊ တောင်အမေရိကမှာ ဘရာဇီး၊ အာဖရိကတိုက်မှာ တောင်အာဖရိကနိုင်ငံ စသဖြင့် ကမ္ဘာ အနှံ့ ရှိနေပါတယ်။ ဂျုံမှုန့်အစား ပြောင်းမှုန့် နှင့် ဖုတ်တဲ့ ပေါင်မုန့်လည်း ရှိပါတယ်။ မက်စီကန် (မက္ကစီကိုနိုင်ငံသား)တွေရဲ့ ဟင်းလျာ အမျိုးမျိုးမှာ ပြောင်းဖူး (မှုန့်)ဟာ မပါလျှင် မဖြစ်တဲ့ အမယ်တစ်မျိုးလို့ ပြောရလောက်အောင် အသုံးများပါသတဲ့။ ပြောင်းဖူးကို မြန်မာနိုင်ငံမှာတော့ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးမီးဖုတ်စသဖြင့် သရေစာအဖြစ် စားကြတာ များပါတယ်။ ပြောင်းဖူးကြော်ဟာ အိမ်တွေမှာ၊ မြန်မာ ထမင်းဆိုင်တွေမှာ လူကြိုက်များတဲ့ အရံဟင်းတစ်ပွဲဖြစ် ပါတယ်။ အခြားစားသောက်ဆိုင် တွေမှာလည်း ပြောင်းဖူး စေ့ကို ဟင်းလျာအမျိုးမျိုးမှာ ထည့်ကြပါတယ်။

ပြောင်းဖူးကို ပေါက်ပေါက်ဖောက်ပြီး စားသုံးခြင်းဟာ နိုင်ငံအများအပြားမှာ လူမျိုးအသီးသီးရဲ့ ဓလေ့ဖြစ်ပါတယ်။ ထညက် (ထန်းလျက်)ရည်ပါတဲ့ ပြောင်းဖူးပေါက် ပေါက် ဆုပ်ဟာမြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာ ရိုးရာသရေစာ တစ်မျိုးဖြစ်ပါတယ်။ မြို့ပြတွေမှာလည်း သကြားနှင့် ချိုအောင်လုပ်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်ကို သရေ စာအနေနဲ့ စားကြပါတယ်။ အခြားနိုင်ငံတွေမှာ ပေါက် ပေါက်ကို ရုပ်ရှင်ကြည့်ရင်း တီဗီကြည့်ရင်း အားရပါးရ စား ကြတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီယဉ်ကျေးမှု ကို အတော်လေးတွေ့နေ့ရပါပြီ။

မြန်မာတွေ ကောက်ညှင်းကို မုန့်ဆန်းလုပ်ပြီး စား သလို ပြောင်းဖူးကို မုန့်ဆန်းလုပ်ထားတဲ့ Cornflake ကို နွားနို့နှင့်တွဲပြီး ဥရောပနိုင်ငံတွေ၊ အမေရိက၊ အာရှနိုင်ငံ တွေ အပါအဝင် ကမ္ဘာအနှံ့အပြားမှာ နံနက်စာကောက်နှံ Cereal အဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးနေကြပါတယ်။

…………………………..
ပြောင်းဖူး၏ အာဟာရ
…………………………..
ပြောင်းဖူးဟာ ဆန်ဂျုံစတဲ့ ကောက်နှံတွေ၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥစတဲ့ သစ်ဥ သစ်ဖုတွေလိုပဲ ကာဗိုဟိုက် ဒရိတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပြောင်း ဖူးထဲက ကာဗိုဟိုက်ဒရိတ်ဟာ ကစီ (Starch)၊ သကြား (Sugar) နှင့် အစာမျှင် (Dietary Fibre) ဆိုပြီး သဏ္ဍာန် သုံးမျိုးပါဝင်နေပါတယ်။ အလျား ၇ လက်မ၊ လုံးပတ် ၇ လက်မရှိတဲ့ ပြောင်းဖူး အဖူးကြီး တစ်ဖူးကနေ ပြောင်းဖူးစေ့ ၁ဝဝ – ဂရမ် (၆-ကျပ် တစ် မတ်သား)လောက်ရနိုင်ပါတယ်။ ပြောင်းဖူးစေ့ (အစို) ၁ဝဝ-ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်လောက်ပါဝင်တဲ့ အနက်၊ သကြား ၆ ဂရမ်၊ ကစီ ၆ ဂရမ်နှင့် အစာမျှင်က ၂ ဂရမ် လောက်ဖြစ်ပါတယ်။ပြောင်းဖူးမှာ ပရိုတင်းလည်း အနည်းငယ် ပါဝင်ပါ တယ်။

ပြောင်းဖူးကို ဆန်နှင့်ယှဉ်မယ်ဆိုရင် ပြောင်းဖူးစေ့ ထဲက ရေတွေ ထွက်နိုင် သမျှ ထွက်သွားအောင် အခြောက် ခံပြီးမှ ပြောင်းဖူးစေ့ အခြောက်အနေနဲ့ ယှဉ်ရပါတယ်။ ပြောင်းဖူးအစို၊ ပြောင်းဖူးပြုတ်တို့ဆိုရင်တော့ ထမင်းနှင့် ယှဉ်ရပါတယ်။ အောက်ပါဇယားမှာ ပြောင်းဖူးစေ့အခြောက် ရဲ့ အာဟာရကို ဆန်နှင့်ယှဉ်ပြထားပါတယ်။ ပြောင်းဖူး ပြုတ်ကို ထမင်းနှင့် ယှဉ်ပြထားပါတယ်။

ပြောင်းဖူးစေ့ အခြောက်ဟာ ဆန်နှင့်တန်းတူ ကယ် လိုရီ ကြွယ်ဝပါတယ်။ ဆန် ထက် ပရိုတင်းအနည်းငယ် ပိုပြီး ပါဝင်ပါတယ်။ ဆီလည်း အဆ များစွာပိုပြီး ကြွယ်ဝပါ တယ်။ပြောင်းဖူးစေ့ ပြုတ်ဟာလည်း ထမင်းနှင့် တန်းတူ အာဟာရတွေ ကြွယ်ဝပါ တယ်။ ဆီလည်း အဆများစွာ ပိုပြီြး<ွကယ်ဝပါတယ်။ ပြောင်းက ထုတ်ယူနိုင်တဲ့ ပြောင်းဆီ (Corn Oil)ဟာ
လူသုံးများတဲ့ ဟင်းချက်ဆီတစ်မျိုးဖြစ်ပါ တယ်။ ပြောင်းဟာ ထမင်းထက် ပရိုတင်းပိုပြီး ကြွယ်ဝ ပါတယ်။ ပြောင်းဟာ ဆန်ထက် ပရိုတင်းပိုပြီး ကြွယ်ဝပေမယ့် ပရိုတင်းအရည်အသွေးကျတော့ ဆန်ကိုမမီပါဘူး။ ပြောင်း မှာ အရေးကြီးတဲ့ အမိုင်နိုအက်ဆစ် (Amino Acid) အချို့ မပါတဲ့ အတွက် ပြောင်းကို ပင်တိုင်စားတဲ့လူတွေအတွက် ကျန်းမာရေးပြဿနာ အကြီးအကျယ် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းကြောင်းရှိပါတယ်။

………………………………………………………………………………….
ပြောင်း တစ်မျိုးတည်းကို ပင်တိုင်စားလျှင် ကြုံတွေ့နိုင်တဲ့ ပြဿနာ
…………………………………………………………………………………….
ပြောင်းဖူးကို သီးနှံအသစ်အနေနဲ့ လက်ခံရရှိပြီး စိုက်ပျိုးစားသုံးကြတဲ့ နိုင်ငံ တွေက လူတွေဟာ အစပိုင်း မှာ စိုက်ရတာလည်း အဆင်ပြေ၊ အထွက်နှုန်းလည်း ကောင်း တဲ့အတွက် တော်တော်လေး ပျော်ရွှင်ကျေနပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြောင်းကိုပင်တိုင်စာအဖြစ် ပြောင်းလဲစားသုံးခဲ့ကြတဲ့နေရာတိုင်းလိုလိုမှာ အာဟာရချို့တဲ့မှု ပြဿနာ တစ် မျိုးကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒီပြဿနာဟာ ပြောင်း ဖူးရဲ့ မူလပိုင်ရှင်တွေဖြစ်ပြီး ကာလကြာရှည် ပင်တိုင်စားသုံးခဲ့ကြတဲ့ ဒေသခံ အင်းဒီးယန်း (Idians)တွေမှာ မဖြစ် ခဲ့လေတော့ ဘာကြောင့်ပါလိမ့်ဆိုပြီး ပဟေဠိဖြစ်ခဲ့ရ ပါတယ်။ ပြောင်းကို ပင်တိုင်စားလို့ ဖြစ်ရတဲ့ရောဂါဟာ Pellagra ဆိုတဲ့ ရောဂါဖြစ်ပြီး၊ နိုင်ယာစင် (Niacin)လို့ အမည်ပေးခဲ့တဲ့ ဗီတာမင်ဘီ တစ်မျိုး ချို့တဲ့လို့ဖြစ်ရတယ် ဆိုတာ သိခဲ့ကြပါတယ်။ အရင်းစစ်လိုက်တော့ ပြောင်းဖူးမှာ ပါ တဲ့ ပရိုတင်းဟာTryptophan ဆိုတဲ့ အမိုင်နိုအက်ဆစ် မပါဘဲ ချို့တဲ့နေလို့ဆိုတာ သိလာပါ တယ်။ Pellagra ရောဂါဖြစ်သူတွေမှာ အဓိက လက္ခဏာ သုံးခု တွေ့ရပါတယ်။ ဝမ်း ပျက်ခြင်း (Diarrhea)၊ အရေပြား ရောင်ရမ်းခြင်း (Dermatitis)နှင့် မှတ်ဥာဏ်လျော့နည်း လာခြင်း (Dementia)တို့ ဖြစ်ပါတယ်။ ဒီ သုံးလုံး (Three Ds)လို့ မှတ်ထားနိုင်ပါတယ်။ Niacin ဆိုတဲ့ ဗီတာမင်ဘီ ကို အစားအစာတွေက ရနိုင်သလို Tryptophan ဆိုတဲ့ အမိုင်နို အက်ဆစ်ကနေ လူရဲ့ ခန္ဓာကိုယ် (အသည်း)ထဲမှာ ထုတ်လုပ်နိုင်ပါတယ်။ ပဲအမျိုးမျိုးမှာ Niacin ကြွယ်ဝပါ တယ်။ ပြောင်းဖူးကို ပင်တိုင်စားသုံးခဲ့ကြတဲ့ ဒေသခံ
အင်းဒီး ယန်းတွေဟာ ပဲကိုလည်း နေ့တိုင်းလိုလိုစားတဲ့ဓလေ့ရှိ ကြတဲ့အတွက် ပဲကနေ နိုင်ယာစင် အလုံ အလောက်ရတာ ကြောင့် Pellagra ရောဂါမဖြစ်ခဲ့ကြပါဘူး။ ပြောင်းဖူးတစ် မျိုးတည်းကို  ပင်တိုင်စားကြသူတွေမှာတော့ နိုင်ယာစင် ရနိုင်တဲ့ အခြားအစားအစာကလည်း မရှိ၊ အသည်းမှာ နိုင်ယာစင်ထုတ်လုပ်ဖို့ ကုန်ကြမ်းဖြစ်တဲ့ Tryptophan အမိုင်နိုအက်ဆစ်က လည်း ပြောင်းဖူးမှာမပါလေတော့  ကြာလာတဲ့အခါ နိုင်ယာစင်ချို့တဲ့ပြီး Pellagra ရောဂါ ဖြစ်ကြတာပါ။

နောက်တစ်ချက်က ဒေသခံ အင်းဒီးယန်း တွေဟာ ပြောင်းကို မစားမီ အယ် လကာလီ ဓာတ်သဘာဝကဲတဲ့ ရေ (Alkaline water)စိမ်ပြီးမှစားတဲ့ ဓလေ့ကြောင့် နိုင်ယာ စင် မချို့တဲ့တာလို့ သိလာကြပါတယ်။ ပြောင်းမှာပါတဲ့ ပရိုတင်းဟာ အရေးကြီးတဲ့ Lysine ဆိုတဲ့ အမိုနိုအက်ဆစ် လည်း ချို့တဲ့ပါတယ်။ Lysine ဟာ ပဲအမျိုးမျိုးမှာ ကြွယ်ဝစွာ ပါတဲ့အတွက် ပြောင်းကို ပင်တိုင် စားသူတွေဟာ ပဲအမျိုးမျိုးကိုလည်း မှန်မှန်စားမယ်ဆိုရင် အာဟာရစုံလင် ပြည့်ဝစွာ ရရှိနိုင်ပါတယ်။

………………………….
ပြောင်းကထုတ်တဲ့ဆီ
………………………….
ပြောင်းဆီ (Corn Oil)ဟာ နေကြာစေ့ဆီ၊ ပဲပုပ်ဆီ၊ ဝါစေ့ဆီတို့လို ပဲ၊ ပေါ်လီ မပြည့်ဝ ဖက်တီးအက်ဆစ် (Poly – unsaturated fatty acid)တွေ ကြွယ်ဝတဲ့ ဟင်းချက် ဆီ အမျိုးအစားဖြစ်ပါတယ်။ ပြောင်းဆီမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ ပြည့်ဝတဲ့ ဖက်တီးအက်ဆစ် (Saturated Fatty Acid) ၁၃ % သာပါပြီး၊ မပြည့်ဝတဲ့ ဖက်တီးအက်ဆစ် (Unsaturated Fatty Acid) က ၂၈ %၊ အိုမီဂါ ဖက်တီး အက်ဆစ်တွေဖြစ်တဲ့ ပေါ်လီုမပြည့်ဝ ဖက်တီးအက်ဆစ် လိုလိုဟာ အိုမီဂါ – ၆ ဖက်တီးအက်ဆစ်တွေဖြစ်ပြီး၊ အိုမီ ဂါ-၃ ဖက်တီး အက်ဆစ်က ၁%သာ ပါဝင်ပါတယ်။ အတို ချုပ်ပြောရမယ်ဆိုရင်တော့ အမဲဆီ၊ ဝက်ဆီ၊ ထောပတ်တို့လို ပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေနေရာမှာ အစားထိုးပြီး
သုံးမယ်ဆိုရင် ပြောင်းဆီဟာ သင့်တော်တဲ့ ဆီမျိုးဖြစ် ပါတယ်။

…………………………………………..
ပြောင်းသကာရည် (Corn Syrup)
…………………………………………..
ပြောင်းဖူးကို သကာရည်ထုတ်လုပ်ရာမှလည်း အကြီး အကျယ် အသုံးပြုနေကြပါတယ်။ နိုင်ငံအများအပြားမှာ အရသာချိုတဲ့မုန့်တွေ အချိုရည်တွေလုပ်ရာမှာ ပြောင်းဖူး က ထုတ်လုပ်ပြီး ဖရပ်တို့စ်သကြားပါဝင်မှု အလွန်များတဲ့ High Fructoce Corn Syrup-HFCS ဆိုတဲ့ သကာရည် တစ်မျိုးကို သုံးနေကြပါတယ်။ သဘာဝအတိုင်းဆိုရင် ပြောင်းဖူးထဲက ကစီ (Starch)ဟာ လူရဲ့ အစာလမ်း ကြောင်းထဲမှာ အစာကြေသွားတဲ့အခါ ဂလူးကို့စ် (Glucose)သကြား
ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် ကစီဆိုတာ ဂလူးကို့စ် သကြား မော်လီကျူးတွေနဲ့ တည်ဆောက်ထား တာပါ။ ပြောင်းဖူးထဲက ဂလူးကို့စ် သကြားတွေကို ဖရပ်တို့စ် (Fructose)ဆိုတဲ့ သကြား ဖြစ်အောင် ဓာတုဗေဒနည်းနဲ့ တမင်ဓာတ်ပြောင်းလိုက်ပြီးမှ သကာရည် ကျိုထားတာပါ။ ပြောင်းဖူးထဲက ဂလူးကို့စ်သကြားတွေကို ဖရပ်တို့စ်ဖြစ် အောင် ဘာကြောင့်ပြောင်းရလဲဆိုတော့ ဖရပ်တို့စ်ဟာ ဂလူးကို့စ်ထက် ၂ ဆ နီးပါး အချို့အရသာ ပြင်းလို့ ဖြစ်ပါ တယ်။
ဖရပ်တို့စ် နည်းနည်းလေး ထည့်ရုံနဲ့ အစားအသောက်တွေ ချိုလာတဲ့အတွက် သုံးရတာ တွက်ခြေကိုက်ပါတယ်။

High Fructose Corn Syrup-HFCS ပြောင်းသကာ ရည်မှာ ဂလူးကို့စ်တွေကို ၉ဝ% ထိ ဖရပ်တို့စ်ဖြစ်သွား အောင် လုပ်နိုင်ပါတယ်။ အစားအသောက် လုပ်ငန်းတွေ မှာ အသုံးများတာက ဖရပ်တို့စ် ၅၅% ပါတဲ့ ပြောင်းသ ကာရည်
(55%HFCS)တွေ ဖြစ်ပါတယ်။ 55%HFCS ကို အရသာချိုတဲ့ မုန့်တွေလုပ်ရာမှာ အသုံးပြုပြီး၊ 42% HFCS ပြောင်းတွေ ဖြစ်ပါတယ်။ 55% HFCS ကို အရသာချို့တဲ့ မုန့်တွေလုပ်ရာ အသုံးပြုပြီး၊ 42 HFCS ကိုတော့ အချိုရည် တွေလုပ်ရာမှာ အသုံးပြုပါတယ်။

ဖရပ်တို့စ် သကြားဟာ သစ်သီးတွေမှာ သဘာဝအ တိုင်း ပါနေတာမို့၊ သစ်သီး စားရင် သွေးထဲကို ဖရပ်တို့သကြား တွေ ဝင်သွားနိုင်ပါတယ်။ သစ်သီးတွေထဲမှာပါတဲ့ သဘာဝ ဖရပ်တို့စ်သကြား ပမာဏလောက်ကို လူရဲ့ အသည်းထဲ မှာ နိုင်နိုင်နင်းနင်း ကိုင် တွယ် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ High Fructose Corn Syrup – HFCS ပြောင်းသကာ ရည်နှင့် လုပ်ထားတဲ့မုန့်တွေ၊ အချိုရည်တွေကို နေ့တိုင်း လိုလို အများအပြား စားသောက်နေ မယ်ဆိုရင်တော့ ဖရပ် တို့စ် သကြားက အန္တရာယ်ပေးနိုင်ပါတယ်။ သွေးထဲမှာ ထရိုင်ဂလစ် စရိုက် (Triglyceride) အဆီဓာတ်များစေ နိုင်ပါတယ်။ နှလုံးသွေကြောရောဂါဖြစ်အောင် အားပေး ပါတယ်။ ဖရပ်တို့စ်သကြားက အသည်းကို ဝန်ပိုစေနိုင်ပါ တယ်။ လူရဲ့ အင်ဆူလင် အသုံးပြုနိုင်စွမ်းကို ထိခိုက်စေနိုင် ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ High Gructose Corn Syrup-HFCS ပြောင်းသကာရည် သုံးစွဲမှု များလာခြင်းနှင့် ဆီချိုရောဂါ၊ နှလုံးသွေးကြောရောဂါတွေ အဖြစ်များလာတာဟာ ဆက်နွယ်မှုရှိနိုင်ပါတယ်။ နိုင်ငံ အများ အပြားမှာ ဖရပ်တို့စ်များတဲ့ ပြောင်းသကာရည် (HFCS)သုံးစွဲမှုကို ဆင်ခြင်ကြဖို့၊ HFCS ပါတဲ့ အစား အသောက်တွေကို ရှောင်ကြဖို့ သတိပေးနေကြပါတယ်။

 10389127_979239528769253_8490311009212127665_n10155581_979239518769254_4914249498972657846_n

………………………………………………..
ဒေါက်တာလှကြည်

Facebook Comments