by May’s Healthy Food for Food Magazine
– ရေနဲ့ နွားနို့၊ ပဲနို့ကတော့ ၁ နှစ်အထက် ကလေးတွေ ကျန်းမာရေးအတွက် သောက်ဖို့ အသင့်လျော် ဆုံးပါ။
ကလေးတွေသောက်ဖို့ မသင့်လျော်တဲ့ သောက်စရာတွေကတော့-
– Soft Drinks (အချိုရည်)
– Cordials (အချိုရည်/အဖျော်ရည်)
– Fruits Juice (သစ်သီးဖျော်ရည်)
– Energy Drinks (အားဖြည့်အချိုရည်)
– Sports Drinks (အားကစားသမားများ ရေဓာတ် ဆုံးရှုံးမှုအတွက် သောက်တဲ့ အရည်)
– Mineral Water
– Tea and Coffee
12 Months +
ပိုးသတ်ပြီးသား၊ ထပ်ပေါင်းအရသာမပါသော၊
Full-Fat နွားနို့တို့ကိုသာ တိုက်သင့်ပါတယ်။
Low-Far Cow Milk ကတော့ ၂ နှစ်အောက် ကလေးတွေကို မတိုက်သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆို တော့ ကလေးအတွက် ကိုယ်ခန္ဓာကြီးထွားဖွံ့ ဖြိုးဖို့ လိုအပ် တဲ့ အာဟာရတွေဟာ Full-Far Milk ကနေပဲ ရရှိနိုင်ပါ တယ်။
မိခင်နို့ကတော့ ဆက်တိုက်ဖို့ လိုအပ်နေပါသေး တယ်။
မိခင်နို့မဟုတ်တဲ့ နို့မှုန့်တိုက်ကျွေးနေတဲ့ ကလေး အတွက်ဆိုရင်တော့ ၁ နှစ် အထက်မှာ ဆက်ပြီး မတိုက် သင့်တော့ပါဘူး။
ရေ
အရေးကြီးဆုံးကတော့ ပူအိုက်တဲ့ရာသီမှာ ရေဓာတ် မခန်းခြောက်စေဖို့၊ အပူဒဏ်ကို သက်သာစေဖို့အတွက် ရေကို မှန်မှန်တိုက်ဖို့ လိုအပ်ပါတယ်။ ရေကို မှန်မှန် သောက်ခြင်းအားဖြင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ် ပေးပါတယ်။
ရေကို အလွယ်တကူသောက်နိုင်အောင် မမေ့ အောင် သူတို့အလွယ်တကူ ယူ သောက်နိုင်မယ့်နေရာမှာ သူတို့စိတ်ဝင်စားမယ့် ရေဘူးလှလှလေးတွေကို ထားပေး သင့်ပါတယ်။ အရေးကြီးဆုံးကတော့ မိသားစုအတွင်းမှာ လည်း ရေကိုသာ အဓိကထားပြီး သောက်သုံးပြမှသာ ကလေးတွေလည်း အတုယူပြီး ရေကို လိုက်ပြီးသောက် ကြမှာပါ။
ထမင်းစားတဲ့အချိန်နဲ့ သရေစာကျွေးတဲ့ အချိန်တွေ မှာ ရေကို အလွယ်တကူ ယူသောက်လို့ရအောင် ထား ပေးပါ။
ရေထဲမှာ Frozen Fruits လေးတွေ၊ ရေခဲတုံး လေးတွေကို ထည့်ပေးထားလို့လည်း ရပါတယ်။
အပြင်သွားရင်လည်း ကလေးတွေအတွက် ရေဘူး လေးတွေ ဆောင်သွားဖို့ လိုအပ်ပါတယ်။
Unhealthy Fruit Juices
အသီးဖျော်ရည်ကို ဘာလို့မတိုက်သင့်သလဲဆိုရင် အသီးဖျော်ရည်တစ်ခွက်ရဖို့အတွက် အသီးအများကြီးကို သုံးရတဲ့အတွက်ကြောင့် သကြားဓာတ်များစွာပါဝင်ပြီး အမျှင်ဓာတ်နည်းနေတဲ့ အက်ဆစ်ပါဝင်ပါတယ်။
ကလေးတွေဟာ သကြားဓာတ်အများကြီး မလို အပ်ဘဲ အမျှင်ဓာတ်သာ လိုအပ်ပါ တယ်။
သကြားများလျှင် ဖြစ်တတ်သော အဝလွန်ခြင်းနှင့် ဆီးချိုရောဂါများ ဖြစ်ပွားနိုင်တဲ့အပြင် သွားကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။
အသီးဖျော်ရည်အစား အသီးကိုသာ ကျွေးပေးသင့် ပါတယ်။
ကလေးက ဖျော်ရည်ကြိုက်တယ်ဆိုရင် တစ်နေ့ကို ခွက်တစ်ဝက်စာထက် ပိုပြီး မတိုက်သင့်ပါ။
ဖျော်ရည်ဖျော်တဲ့အခါမှာ အသီးရည်၊ ရေအနည်း ငယ်နဲ့ ရေခဲတုံးအပြင် သစ်သီးအတုံးလိုက် အနည်းငယ် ထည့်ပေးရင် အကောင်းဆုံးပါ။
ဖျော်ရည်ဖျော်တဲ့အခါမှာ Juicer ကို သုံးမယ့်အစား Blender ကို သုံးပေးခြင်းဖြင့် ဖျော်ရည်ထဲမှာ အမျှင်ဓာတ် တွေကို မဆုံးရှုံးစေပါဘူး။
Unhealthy Drinks
Soft Drink အပါအဝင် Sports Drinks, Energy Drinks, Flavoured Milk တွေကတော့ သကြားဓာတ် များစွာပါဝင်ပြီး အာဟာရမရှိတဲ့အပြင် Soft Drinks အများစုဟာ ကဖိန်းဓာတ်တွေပါဝင်တာမို့ ကလေးတွေ အတွက် ဦးနှောက်ကို လှုံ့ဆော်ပေးပြီး ဂနာမငြိမ်ခြင်းနှင့် အတူ အိပ်ချင်စိတ်ကိုပါ ပျောက်စေလို့ လုံးဝမတိုက်သင့် တဲ့ အရည်တွေ ဖြစ်ပါတယ်။
Mineral Water တွေမှာလည်း တချို့သတ္တုဓာတ် တွေဟာ များစွာပါဝင်တာမို့ ကျောက်ကပ်ကို ထိခိုက်စေ ပါတယ်။
Flavoured Milk တွေမှာ သကြားဓာတ်နှင့်အတူ သဘာဝမဟုတ်တဲ့ စတော်ဘယ်ရီ အနံ့အရသာအတွက် သုံးတဲ့ ထူးကဲအရသာတွေကို ထည့်သွင်းအသုံးပြုထား တာမို့ အကောင်းဆုံးက အနံ့အရသာမရောစပ်ထားတဲ့ နို့ကိုသာ တိုက်သင့်ပါတယ်။
အကယ်၍ နို့မှာ စတော်ဘယ်ရီအရသာ ထည့်ချင် တယ်ဆိုရင် သဘာဝသစ်သီး အနည်းငယ်ကိုသာ နွားနို့နဲ့ Smoothie ပုံစံဖျော်တိုက်ပါ။
ဒိန်ချဉ်တိုက်ဖို့အတွက် အကြံပေးချင်တာကတော့ Flavoure မပါဝင်တဲ့ ပိုးသတ်ထားတဲ့ ဒိန်ချဉ်ကိုသာ တိုက်ဖို့ အကြံပေးချင်ပါတယ်။ နွားနို့လိုပဲ အရသာ ထည့်ချင်တယ်ဆိုရင် သဘာဝသစ်သီးအနည်းငယ် ကိုသာ ကြိတ်၍သော်လည်းကောင်း၊ ရောပြီး ဖျော်စက်ကို အသုံးပြု၍သော်လည်းကောင်း ရောစပ်ပါ။
နွားနို့အပြင် ပဲနို့ကိုလည်း အိမ်လုပ် ပဲနို့ သို့မဟုတ် အသင့်သောက်ပဲနို့ကို သကြား မပါဝင်ဘဲ၊ အရသာ မပါဝင်ဘဲ တိုက်လို့ရပါတယ်။ အသင့်သောက်ပဲနို့ကို ဝယ်တဲ့အခါ ဘူးမှာ ပါဝင်ပစ္စည်းတွေ Exp-Date တွေကို သေချာဖတ်ပါ။
Tea & Coffee
ဒီအထဲမှာတော့ ကဖိန်းဓာတ်တွေ ပါဝင်တာ
ကြောင့် ဦးနှောက်စွမ်းရည်တွေ ကျဆင်းစေပြီး ကလေးရဲ့ တိုးတက်ဖွံ့ ဖြိုးမှုကို နှောင့်နှေးစေပါတယ်။
Energy Drinks တွေကို ကလေးတွေကို တိုက်တာ မြင်ရတဲ့အခါ အံ့ဩမိတယ်။ Energy Drinks တွေဟာ အသက် ၁၈ နှစ်အထက်မှသာ သောက်သင့်တာမို့ မိဘ တွေအနေနဲ့ မိမိရဲ့ကလေးကို မတိုက်သင့်ဘူးဆိုတာ သိစေချင်ပါတယ်။
Milo,Overtine တွေဟာ အသက် ၅ နှစ်အထက် မှသာ (နေ့စဉ်မဟုတ်ဘဲ) တိုက်သင့်ပါတယ်။ အချိုဓာတ် များစွာပါဝင်တာမို့ ချောင်းဆိုးချွဲကျပ်ခြင်းနဲ့ သွားကျန်းမာ ရေးကို ထိခိုက်စေပါတယ်။
ကိုယ်တိုင်ဖျော်တိုက်ချင်ရင် နွားနို့နဲ့ သကြားနည်း နည်း၊ ကိုကိုးအမှုန့် အနည်းငယ်ကို ရောပြီး တိုက်ပါ။ လုပ်နည်းရေးထားပါတယ်။ ဒါကလည်း ၃ နှစ်အထက် မှသာ တိုက်သင့်ပါတယ်။
အာဟာရအတွက် ထုတ်လုပ်ထားတဲ့ Pediasure ကတော့ လုံးဝအစားမစားတဲ့၊ မစားနိုင်တဲ့ အာဟာရ ချို့တဲ့နေတဲ့ နာလန်ထခါစ ကလေးတွေ ကျန်းမာရေး အတွက်သာ သောက်သင့်ပါတယ်။ ပုံမှန်အစာစားနေ
တဲ့ ကလေးအတွက်ဆိုရင် မလိုအပ်ပါဘူး။ ကလေးက Pediasure သောက်တယ်၊ အစာမစားဘူးဆိုရင် ကလေး ဟာ Pediasure မှာ ပါဝင်တဲ့ အာဟာရတွေကြောင့် ဗိုက် ပြည့်ပြီး အစာမစားနိုင်တော့တာကို သတိပြုစေချင်ပါ တယ်။