Homemade Strawberry Banana Ice Cream (အိမ်လုပ်စတော်ဘယ်ရီ ငှက်ပျောသီးရေခဲမုန့်)

kid_2

            ကလေးငယ်တို့အကြိုက် အိမ်လုပ်ရေခဲမုန့်လုပ်နည်း ဆက်ကြည့်ရအောင်၊ စတော်ဘယ်ရီသီးတွေ ပေါတဲ့အချိန် ဒီတိုင်းစားလိုက်၊ ဖျော်သောက်လိုက်နဲ့ ရိုးလာရင် ကလေးငယ်တို့နဲ့အတူ အိမ်လုပ်ရေခဲမုန့် လုပ်ကြည့်ရအောင်ပါ။ Ice Cream Maker ရှိရင် ပိုအဆင်ပြေပါတယ်။ အိမ်သုံး Ice Cream Maker ကို မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ဝယ်ယူရနိုင်ပါတယ်။ တန်ဖိုးအားဖြင့် အစားအစားလိုက် ၆ သောင်း လောက်မှ ၁ သိန်းကျော်ထိ ရှိပါတယ်။ Ice Cream Maker မသုံးလဲ ရပါတယ်။ ကြည့်ကြရအောင်။

►   ပါဝင်ပစ္စည်းများ

♦   စတော်ဘယ်ရီ   –   200 g

♦   သီးမွှေးငှက်ပျောသီး –   100 g (၁ လုံးခန့်)

♦   သကြား   –   70 g

♦   လီမွန်ရည် (lemon juice)   –   စားပွဲဇွန်း တစ်ဝက်

♦   နွားနို့   –   100 ml

♦   Heavy Cream   –   100 ml

►   ပြုလုပ်ပုံ                               

၁။        သကြား၊ စတော်ဘယ်ရီ၊ ငှက်ပျောသီး၊ နွားနို့၊ လီမွန်ရည်တို့ကို မွှေစက်(Blender)ထဲ ထည့် အနှစ် (Puree) ဖြစ်သည်အထိ မွှေပါ။

၂။        Heavy Cream ကို ပွလာသည်ထိ whisk နှင့်မွှေပါ။ ထိုနောက်အမှတ်စဉ် ၁ နှင့်အတူ သမအောင် ရောနယ်ပြီး Ice Cream Maker သို့ ထည့်ပြီး မိနစ် ၂ဝ လောက် မွှေထားလိုက်ရင် ချောမွေ့ပြီး ချိုချိုဆိမ့်ဆိမ့်နဲ့ အချဉ်အရသာ အနည်းငယ်ပါတဲ့ အိမ်လုပ် စတော်ဘယ်ရီ ငှက်ပျောသီးရေခဲမုန့် ရပါပြီ။

၃။        ခပ်ပျော့ပျော့ ကြိုက်သူတွေကတော့ ဒီတိုင်းသုံးဆောင်နိုင်ပြီး၊ ခဲခဲမာမာ ကြိုက်သူတွေအတွက်တော့ အအေးခံပလတ်စတစ်ခွက် (Plastic Container) ထဲ ပြောင်းထည့်ပြီး ၆ နာရီလောက် Freezer ထဲထည့် အေးခဲပြီး သုံးဆောင်နိုင်ပါတယ်။ Ice Cream Maker မသုံးဘဲနဲ့ဆိုရင်တော့ Heavy Cream ကို ပွလာတဲ့ထိရိုက် သမအောင်ရောနယ်ပြီး ၆ နာရီလောက် Freezer ထဲထည့်ရပါမယ်။ နာရီဝက်တစ်ကြိမ်လောက် ထုတ်ပြီး မွှေပေးရပါမယ်။

Facebook Comments