
ဂျပန်အစားအစာတွေထဲက နေ့စဉ်လိုလို မပါမဖြစ် သောက်ကြတဲ့ ပဲပိစပ်နဲ့ လုပ်ထားတဲ့ ဟင်းရည်ပါ။ ပဲပိစပ် အနှစ်ကို အသုံးပြုပြီး ပုံစံမျိုးစုံနဲ့ ဟင်းရည်ချက်ပြီး သောက်သုံးကြလေ့ရှိပါတယ်။ ပဲပိစပ်က ပရိုတင်း အပြည့်ပါပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေပါ
တယ်။ ပဲပိစပ်မှာ အမျိုးအစား (၄) မျိုးရှိပြီး ပါဝင်တာတွေ ကလည်း အနည်းငယ် ကွဲပြားကြပါတယ်။ အမျိုးအစား (၄) မျိုးထဲကမှWhite Miso Paste ကတော့ ဟင်းချို အတွက် အကောင်းဆုံးပါ။ ငြျသ ဏေျအန ကို ဂျပန်ပစ္စည်း အရောင်းဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ Miso Paste မှာDashi (အရသာ)ပါပြီးသားကို သုံးမယ် ဆိုရင် ဘာမှထပ်ထည့်စရာမလိုပါဘူး။ လုပ်ရတာလည်း မခက်လို့ လုပ်ကြည့်ရအောင်နော်။
by May's Healthy Food for Food Magazine
ပါ၀င္ပစၥည္းမ်ား
Miso Paste – ထမင်းစားဇွန်း ၂ ဇွန်း
(မောက်မောက်)
ရေ- ၁ လီတာ
ရေညှိခြောက်- အနည်းငယ်
တိုဟူးခြောက်- အနည်းငယ်
ပြုလုပ်နည်း
၁။ ရေကို ဆူအောင် ဦးစွာတည်ပါ။
၂။ ရေဆူဆူကို ပန်းကန်လုံးအသေးထဲ အနည်းငယ် ထည့်ပြီး မီဆိုအနှစ်ကို ပျော်အောင်ဖျော်ပြီးမှ ကျန် ရေနွေးထဲ ရောထည့်ပါ။
၃။ အရသာအနေတော်ဖြစ်ပြီဆိုလျှင် အဆာပလာ တို့ကို ထည့်ပြီး ၅ မိနစ်ခန့် ဆူအောင် ပြန်တည် ပြီးလျှင် ရပါပြီ။