
တင်းလိဂျပန် ခေါက်ဆွဲဆိုင်
ခုလပရိသတ်ကြီးကို တင်းလိဂျပန်ခေါက်ဆွဲဆိုင်နဲ့ ဂျပန်ခေါက်ဆွဲအကြောင်း ပြောပြချင်ပါတယ်။ တင်းလိခေါက်ဆွဲဆိုင်လို့ဆိုလိုက်တာနဲ့ ဂျပန်စာနဲ့ ရင်းနှီးသူတိုင်း သိကြမယ်ထင်ပါတယ်။ မြန်မာပြည်မှာဖရန် ချိုင်းစားသောက်ဆိုင်ခွဲတွေ ခေတ်မစားခင်ကတည်းက တင်းလိဂျပန်ခေါက်ဆွဲဆိုင်ခွဲကို ၁၉၉၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ပေါင်းနှစ်ဆယ်သက်တမ်းရှိပါ ပြီစဖွင့်တုန်းကဆို မြန်မာပြည်မှာဂျပန်ခေါက် ဆွဲဆိုင်ဆိုလို့ တင်းလိတစ်ဆိုင်ပဲရှိတယ်လို့ ပြောပါတယ်။ မူလဆိုင်ကဂျပန် နိုင်ငံတင်းလိခရိုင်၊ နရာမြို့လေးမှာ တည်ရှိပါတယ်။ ဂျပန်မှာ ဆိုင်ခွဲပေါင်း ၅ဝ ကျော်ရှိပါတယ်။ အရှေ့တောင်အာရှမှာတော့ မြည်မာပြည်ကဆိုင်ခွဲ က ပထမဦးဆုံးပါ။ လက်ရှိ ရန်ကုန်မြို့ ၊အလုံမြို့နယ်၊ ဗဟိုလမ်း တရုတ်သံရုံးအနီးမှာ ဖွင့်ထားပါတယ်။ မကြာ သေးမှီက ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်၊ ကန်လမ်းမှာလည်း နောက်ထပ်ဆိုင်ခွဲဖွင့်လိုက်ပါတယ်။
ရန်ကုန်မြို့ ၊ ကန်လမ်းကဆိုင် (ရှာရလွယ်ကူပါတယ်။ ပြည်လမ်းခြောက်မိုင်ခွဲကနေ ကန်လမ်းထဲချိုးဝင် ရင် ထိပ်ဘက်နားမှာပါပဲလိုတိုးရီရား ကြက်ကြော်ဆိုင်နောက်)ရောက်တုန်းလူကြိုက်များအစားများတဲ့ တင်းလိ မူပိုင် စတယ်မနာခြာချူးရာမန် (Stamina Charshuumen) မြန်မာလိုအာဟာရခေါက်ဆွဲဝက်သားလွှာကို ပထမဦးဆုံး မြည်းစမ်းဖြစ်ပါတယ်။ အရသာရှိပါတယ်။ ဆိုင်ရောက်ရင် မြည်းစမ်းကြည့်ဖို့ ညွှန်းချင်ပါတယ်။ ဗိုက် ဆာနေတဲ့ အချိန်များဆို ရှလွတ်ရှလွတ်နဲ့ လွေးလိုက်ရင် အတော်အရသာရှိမှာပါ။ အဓိကပါဝင်ပစ္စည်းတွေဖြစ် တဲ့ ခေါက်ဆွဲ၊ ခြာချူးဝက်သားလွှာ၊ ကြက်သွန်ဖြူနှစ်၊ ငရုတ်သီးအနှစ်၊ ပြုတ်ရည်တို့ကို အသင့်ပြင်တွေမသုံးဘဲ မူလတင်းလိဆိုင်နည်း အတိုင်းကိုယ်တိုင်လုပ်တယ်လို့ဆိုပါတယ်။ ခေါက်ဆွဲ ဆိုရင် ရောင်းအားကိုကြည့်ပြီး ၂ ရက်၊ ၃ရက်စာပဲ လုပ်ပါတယ်။ ဒါ့အပြင် တာရှည်ခံပစ္စည်း၊ ဆိုဒါတို့မသုံးပါဘူးလို့ ပြောပါတယ်။ စတယ်မနာ ခြာချူးရာမန်ရဲ့ အဓိကလျှို့ဝှက် ချက်ကတော့ ရှားရည်လို့ခေါ်တဲ့ တင်းလိမူပိုင်စပ်ထားတဲ့ အရသာပဲငံပြာရည်နဲ့ ပြုတ်ရည်ပါ။ အရသာပဲငံပြာရည် စပ်နည်းကိုတော့ လျှို့ဝှက်ထားပါတယ်။ ခေါက်ဆွဲ ပြုတ်တဲ့ ပြုတ်ရည်လုပ်ရာ မှာ ဝက်ရိုးကို ၂ နာရီ ၃ နာရီလောက် ပြုတ်ထားပြီး အဆီတွေကျလာတဲ့အခါမှာ အဆီတွေကို ဖယ်ပြီး ကျန်တဲ့ အရည်ကြည်ကို ပြုတ်ရည်အဖြစ်သုံးပါ တယ်။ အခြားဂျပန်ခေါက်ဆွဲဆိုင်တွေမှာ မီဆိုရာမန်၊ ရှိုယူးရာမန် စတာ တွေရနိုင်ပေမယ့် စတယ်မနာခြာချူးရာ မန်ကတော့ တင်းလိဆိုင်မှာပဲရနိုင်ပါတယ်။ နောက်ထပ် မြည်းစမ်းဖြစ် တာတွေကတော့ ဂျပန်လိုဂျောဇာလို့ခေါ်တဲ့ ဖက်ထုပ်ကင်၊ နောက်တစ်ခုက ကရိုကယ်လို့ခေါ်တဲ့ ဂျပန် အာလူး ကတ်သလစ်၊ ပူပူနွေးနွေးလေးစားကောင်းပါတယ်။ ဆိုင်ရောက်ရင်မြည်းဖြစ်အောင် မြည်းစေချင်ပါတယ်။ လူကြိုက်များပါတယ်။ အသားကြိုက်သူတွေ အတွက်တော့ ခြာချူးဝက်သားလွှာကို ဒီတိုင်းအလွတ် မှာယူ စားသုံးနိုင်ပါတယ်။ ဝက်သားအနူးညံ့ဆုံးအသားကို မှာယူပြီး ပြုတ်ရည်၊ တင်းလိမူပိုင် ရှားရည်တို့နဲ့ ၃ နာရီ၊ ၄ နာရီကြာအောင် ပြုတ်ရပါတယ်။ ပြုတ်တဲ့အခါမှာလည်း အသားကနူးညံ့တာကြောင့် ပြဲမထွက်သွားအောင် ကြိုး တွေနဲ့ စည်းထားရပါတယ်။ ပြုတ်ပြီးပြီဆို အအေးခံရေခဲသေတ္တာထဲထည့်ထားပြီး ကြိုးဖြည် အသားလွှာတဲ့ စက်နဲ့ လွှာရတယ်လို့သိရပါတယ်။ အရသာများပါဝင်ပြီး ဖြစ်တာကြောင့် ဒီတိုင်းစားသုံးနိုင်ပါတယ်။ အသား ကြိုက်သူတွေအတွက် ခံတွင်းတွေ့မှာပါ။
ဒါ့အပြင် ဆူရှီ၊ ပုစွန်နှင့်သီးစုံတန်ပူရာကြော်၊ မုန်ညင်းချဉ်ကြော်၊ လိုင်းသားချင်းဆော့စ်ချက်၊ မီဆိုခေါက် ဆွဲကစလို့ ဂျပန်ခေါက်ဆွဲအမျိုးမျိုး၊ အချိုပွဲနဲ့အခြားဂျပန် အစားအစာများလည်းရနိုင်ပါတယ်။ အိမ်တိုင်ရာ ရောက်ပို့ပေးတဲ့ ဂျပန်လိုအိုးဘန်းတိုးလို့ခေါ်တဲ့ ဂျပန်နေ့လယ် စာထမင်းဘူးလည်းရနိုင်ပါတယ်။ တန်ဘိုး ၆၅ဝဝ ပါ ။ ဆယ်လ်မွန်ငါးနဲ့ ဆိုရင်တော့ ၇၅ဝဝ လို့သိရပါတယ်။တင်းလိဂျပန်ခေါက်ဆွဲဆိုင်ကို သွားရောက်မြည်းစမ်း ကြည့်ချင်တယ်ဆိုရင်တော့ ဖုန်း – ဝ၉ ၇၃၂၃၈၇၇၁၊ ဝ၉ ၅၁၁၉၂၁၄၊ ဝ၉ ၂၅၃၆၃၆၇၉၉ ။
Tenri Ramen Restaurant
No. 15, Kan Street, 10 Ward, Hlaing Township, Yangon, Myanmar.
Tel : 01-512123, 09 73193966, 09 5119214
fb/tenriramen
No. 24, Baho Road, Ahlone Township (Near Chinese Embassy), Yangon, Myanmar.
Ph : 09 73238771, 09 5119214, 09 253636799
www.tenrisutaminaramen.com
fb/tenriramen