MELIA Yangon Hotel က ဗီယက်နမ်မြောက်ပိုင်း ဟင်းလျာရိုးရာဆိုင်The Lantern

အစားအသောက်ကောင်းတွေနဲ့ပတ်သက်လို့ ရှာဖွေတင်ပြပေးနေတဲ့ Food Magazine က မလီရာဟိုတယ်ပထမထပ်မှာရှိတဲ့ ဗီယက်နမ်မြောက်ပိုင်း ဟင်းလျာရိုးရာ ဆိုင်The Lantern ကို ရောက်ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း အဲဒီဆိုင်ကိုFood Magazine အဖွဲ့သားတွေနဲ့ရောက်ခဲ့ပြီး ရေးသားတင်ပြခဲ့ဖူးပါတယ်။ အခုမီနူးအသစ် တွေနဲ့ မိတ်ဆက်လာတာကြောင့် နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ပြန်ပါတယ်။

ခံတွင်းဖွင့်စာ

Pomelo Salad

မြည်းစမ်းဖြစ်ခဲ့တဲ့ ခံတွင်းဖွင့်စာတွေအနေနဲ့ကတော့ ပထမဦးဆုံး Pomelo Salad ကျွဲကော်သီးသုပ်ပါ။ နာမည်က ရိုးရှင်းပေမယ့် အရသာပေါင်းစပ်ဖွဲ့ပုံက ခံတွင်းတွေ့စရာပါ။ ကဏန်းပျော့ကြော်နဲ့ ပေါင်းစပ်သုပ်ထားပါတယ်။ အပြင်ပိုင်းကို ြွကပ်ြွကပ်လေးကြော် ထားတဲ့ ကဏန်းပျော့က ကျွဲကော်သီးရဲ့အချိုအချဉ်အရသာနဲ့ လိုက်ဖက်တာကြောင့် နောက် စားယ့်အစားအစာတွေအတွက် ခံတွင်းကို အဆင်သင့်ဖြစ်စေပါတယ်။

Beef Salad

ခံတွင်းဖွင့်စာနောက်တစ်မျိုးကBeef Salad အမဲသားသုပ်ပါ။ အဲဒါကလည်း စားကောင်းပါတယ်။ နူးညံ့တဲ့အမဲသားကို ကြက်သွန်နီ၊ ပန်းသီးဆော့စ်၊Hot Sauce တစ်မျိုးနဲ့ ပေါင်းစပ်ထား ပါတယ်။

Crispy fried Lobster and Mushroom Ravioli

ကဏန်း၊ မှို၊ ပုစွန်ကို ရာဗီရိုလီပုံစံ အဆာသွတ်ကြော်ထားပြီး ပန်းသီးစိမ်းအသုပ်နဲ့ ပေါင်းစပ်ထားပါတယ်။

ခံတွင်းဖွင့်စာတွေထဲမှာ အကြိုက်တွေ့ဆုံးဆိုရင် ကဏန်းပျော့ကြော် ကျွဲကော်သီး သုပ်လို့ဆိုရပါမယ်။

အဓိကဟင်းလျာများ

Deep Fried Whole Seabass

ကကတစ်ငါးအြွကပ်ကြော်ကို ချိုချိုချဉ်ချဉ်အရသာရှိတဲ့ သရက်သီးစိမ်းသုပ်နဲ့ တွဲဖက်ထားပါတယ်။ ကိုယ်တိုင်လုပ်ငံပြာရည်ကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ ကကတစ်ငါးက အပြင်က ခပ်ြွကပ်ြွကပ်လေးဖြစ်နေပေမယ့် အတွင်းပိုင်းက နူးညံ့ပြီး လတ်ဆတ်မှုအရသာကို ခံစားရပါတယ်။

Wok Fried Lamb

သိုးသားကို ချင်း၊ ကြက်သွန်မြိတ်၊ ခရုဆီတို့နဲ့ပေါင်းစပ်ထားပါလို့ သိုးညှီနံ့မရဘဲ အသားက နူးညံ့ပါတယ်။

Braised Prawns in Young Coconut

ပုစွန်ကို အုန်းသီးနုနုအရည်နဲ့ ပေါင်းထားပါတယ်။ ကြက်သွန်နီနဲ့ အခြားဟင်းခတ် တွေကြောင့် အနံ့သင်းပြီး အရသာညီညွတ်မျှတပါတယ်။

အဓိကဟင်းလျာတွေထဲမှာ အကြိုက်တွေ့ဆုံးဆိုရင် ကကတစ်ငါးအြွကပ်ကြော်ပါ။ အထဲက ငါးအသားက နူးညံ့ပြီး အပြင်က ြွကပ်ြွကပ်လေးဖြစ်နေတာကြောင့် သရက်သီး သုပ်ရဲ့ အရသာနဲ့ ညီညွတ်မျှတပါတယ်။

အချိုပွဲ

Zesty Citrus Mousse

အချိုပွဲအနေနဲ့ ညွှန်းချင်တာကတော့ အချဉ်အရသာမူ့စ်ကိတ်ပါ။ လိမ္မော်သီး အချဉ် အရသာရှိတဲ့ မူ့စ်ကိတ်က ချိုအီမနေပါဘူး။ ရက်စ်ဘယ်ရီဂျယ်လီလေးတွေနဲ့လည်း ပေါင်းစပ်ထားတာကြောင့် လိုက်ဖက်ပါတယ်။ နောက်ဆုံးမှာတော့ ဗီယက်နမ်ကော်ဖီနဲ့ အဆုံးသတ်ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်မြောက်ပိုင်းဟင်းလျာရိုးရာဆိုင်The Lantern မှာ ဝိုင်၊ ကော်ဖီ၊ အသီးဖျော်ရည်တွေလည်း ရနိုင်ပါတယ်။ ဟင်းလျာတွေကို နှစ်သက်ရာ ရွေးချယ်မှာယူနိုင်သလို ဟင်းလျာ (၄) မျိုး အတွဲစပ်မီနူးတွေလည်း ရနိုင်ပါတယ်။ ဈေးနှုန်း တွေကတော့USD 4++ စလို့USD 28++ ရှိပါတယ်။

အသေးစိတ်သိရှိလိုတာဖြစ်ဖြစ်၊ ကြိုတင်ဘိုကင်လုပ်ချင်တာဖြစ်ဖြစ် ဆက်သွယ် ချင်တယ်ဆိုရင်တော့-

MELIA Yangon Hotel,The Lantern, Ph:01 934 5000 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

Facebook Comments