Tea Garden at The Lounge!

by Syi Lwin (Foods Garden) for Food Magazine

          ချစ်ခင်ရသူတွေကို High Tea နဲ့အတူ အေးအေးဆေးဆေး နားနားနေနေ လက်ဖက်ရည်၊ ကော်ဖီကြိုက်နှစ်သက်တာလေး သောက်သုံးရင်း တစ်ခါစား ဆန်းဝှေ့နှင့် ကိတ်မုန့်အစုံလေးတွေထဲက ကိုယ်ကြိုက်နှစ်သက်တာလေးတွေ ရွေးစားရင်း အပန်းဖြေရတဲ့အချိန်က တန်ဖိုးရှိလှပါတယ်။ အခုတစ်လော အပြောများနေတဲ့ အသွင်သစ်၊ အမြင်သစ်နဲ့အတူ LOTTE Hotel ရဲ့ Tea Garden Set အသစ်ကို မြည်းစမ်းလေ့လာဖို့ စည်တို့ အဖွဲ့သားတွေ မွန်းလွဲ ၂ နာရီခွဲ (နှင့် ညနေ ၅ နာရီ ) ကြားမှာ စိတ်အပန်းဖြေရင်း သွားရောက် လေ့လာသုံးဆောင်နိုင်ဖို့ ရောက်ရှိခဲ့ပါတယ်။ LOTTE Hotel ရဲ့ Tea Garden ပြင်ဆင်ထားပုံလေးက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ခါစား မုန့်မျိုးစုံကို အသေးစား မှန်စင်လေးနဲ့ အဆင့်လေးများဖြင့် အလွယ်တကူ  သုံးဆောင်လို့ရအောင် ခင်းကျင်းထားပါတယ်။ LOTTE Hotel ရဲ့ Tea Garden ရဲ့  ထူးခြားမှုကတော့ Cheese Fondue ပါ။ အမြင်အာရုံနဲ့တင် ဆွဲဆောင်မှု အပြည့်အဝရှိတာကြောင့် စည်တို့ ၃ ယောက် လုစားရတော့မယ်ဆိုတာ သိလိုက်ပါတယ်။ ဟိုတယ်ရဲ့ ခမ်းနားကျယ်ဝန်းလှတဲ့ LOTTE Hotel ရဲ့ Lobby ကြီးထဲ ဝင်လိုက်တာနဲ့ တကယ်ပဲ “အိုး… ဝိုး” ဖြစ်ရလောက်အောင် Lobby ပြင်ဆင်မှုက သေသပ်လှပမှုရှိပါတယ်။ စားပွဲ၊ ထိုင်ခုံတွေ ပြင်ဆင် ခင်းကျင်းထားတာကို မြင်ရတာနဲ့တင် ပင်ပန်းနွမ်းနယ်နေတာတွေ အလိုလို ပြယ်ပျောက်သွားစေပြီး ကြီးကျယ်ခမ်းနားတဲ့ LOTTE Hotel ရဲ့ Lobby မှာ ကာထားတဲ့ မှန်ပြတင်းပေါက်ကနေ အင်းလျားကန် ရဲ့ အလှအပကို ခံစားရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူတူ၊ မိသားစုနဲ့အတူတူ ကော်ဖီသောက်ရင်း၊ မုန့်စားရင်း၊ သူငယ်ချင်းတွေနဲ့အတူတူ gathering လုပ်ရင်း Selfie မျိုးစုံ ဆွဲကြမယ်ဆိုပြီး စိတ်ကူးထားတယ်ဆိုရင်တော့ LOTTE Hotel ရဲ့ The Lounge မှာ ရှိတဲ့ Tea Garden set လေးက အသင့်တော်ဆုံးပါပဲ။ စီးပွားရေးလုပ်ငန်းအတွက် တွေ့ဆုံမှုတွေလုပ်မယ်ဆိုရင်လည်း ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။

 

          ချစ်ဖို့ကောင်းပြီး သေချာ စိတ်ရှည်လက်ရှည်နဲ့ Tea Garden set လေးအကြောင်းကို ရှင်းပြပေးတဲ့ ဝန်ထမ်းတွေကလည်း အရမ်းတော်ပါတယ်။ Tea Garden set ထဲမှ မုန့်တစ်ခုချင်းစီရဲ့  အဓိပ္ပာယ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လာရောက်တဲ့ ဧည့်သည်တွေ နားလည်အောင် ရှင်းပြပေးနိုင်တာကို တွေ့ရပါတယ်။ Tea Garden set မှာကတော့ စတော်ဘယ်ရီကို ကိုယ်စားပြု ပန်းရောင်အရောင်ဖြင့် ကိတ်မုန့် မုန့်မျိုးစုံကို ပြင်ဆင် ပြုလုပ်ထားတာဖြစ်လို့ Pink Color Stand Menu လေးလို့ခေါ်တာ ဖြစ်ပါတယ်။ Tea Garden set ရဲ့ Drink အပိုင်းမှာဆိုရင် လက်ဖက်ရည်လား၊ ကော်ဖီလား၊ အပူလား၊ အအေးလား ကိုယ်ကြိုက်တာ ရွေးချယ်လို့ရပါတယ်။ Tea မှာလည်း အမျိုးအစားတွေ အများကြီးရှိလို့ ကြိုက်တာ ရွေးချယ်လို့ရပါတယ်။ Coffee ကြိုက်နှစ်သက်တဲ့သူတွေ အတွက်လည်း Mocha, Cappuccino, Latte စတဲ့ Coffee တွေအပြင် Iced Lemon Tea, Honey Iced Lemon Tea စတာတွေထဲကမှ ကြိုက်တာရွေးချယ်နိုင်ပါတယ်။

          Tea Garden set မှာပါတဲ့ မုန့်တွေကို Pink Color Stand Menu, Plate Menu, Cheese Fondue ကို Black Bread & Bread Stick ဆိုပြီး အမျိုးအစား (၃)ခုခွဲပြီး ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။

          Pink Color Stand Menu ဆိုတဲ့ Set မှာ အဓိကအနေနဲ့ ချစ်စရာကောင်းတဲ့ တစ်ကိုက်စာအရွယ် ပန်းရောင်မုန့်လေးတွေ ပါပါတယ်။ Pink Color Stand Menu Tea Garden Raspberry Yoghurt, Cheese Roll, Mango Macaroon, Sesame Salted Éclair, Cranberry Citrus Scone, Blueberry Roll, Zuger Krish, Chocolate Cookie, Raspberry Macaroon? Strawberry Cheese Cake နှင့် Various Flavor of Sandwiches တို့ ပါဝင်ပါတယ်။

          Menu တစ်ခုချင်းစီကိုလည်း သေသေချာချာလေး စီစဉ်ပြီး ဧည့်ခံခြင်းတွေ လုပ်ပေးထားတာ တွေ့ရပါတယ်။ Plate Menu ဆိုတဲ့ Set မှာဆိုရင် Lemon Tart Opera Cake, Plain Scone, Cashew Nuts Tart,  Painapple Coconut Tart, White Chocolate Brownie, Black Forest Glass, Vanilla Strawberry Cake တွေ စုံလင်စွာ ပါဝင်ပါတယ်။

          Cheese Fondue မှာတော့ Fondue အိုးကို အောက်မီးပေးထားလို့ ချိစ်တွေကို နွေးနွေးလေးနဲ့အတူ တို့စားရသော  Black Bread & Bread Stick တွေကိုလည်း စုံလင်စွာ ဖန်ခွက်အကြည်လေးဖြင့် ထည့်ထားပေးပါတယ်။ ဆန်းဝှေ့မုန့် တစ်ခုချင်းစီရဲ့ အရသာတွေကတော့ တစ်ခုချင်းစီ ဖြည်းဖြည်းချင်း အရသာခံပြီး စားသုံးနေရင်း အလိုလို ပျော်လာစေရမယ်။ ဆန်းဝှေ့ဆိုလည်း လုတောင် စားရပါတယ်။ ကိတ်တွေ၊ အချိုပွဲလေးတွေကတော့ အရမ်းကောင်းလွန်းပြီး စိတ်ကူးယဉ် အိပ်မက်ထဲမှာ စားချင်တဲ့ အရသာမျိုးကို ရရှိစေတာကြောင့် စားပြီးရင် ပြီးပြည့်စုံတဲ့ နှလုံးသားတစ်စုံ  ရရှိပိုင်ဆိုင်သွားသလိုပါပဲ။ တစ်ခုချင်းစီမှာ အရသာထူးခြားမှုလေးတွေရှိသလို ချစ်စရာပုံစံလေးတွေ ပြုလုပ်ထားတာကြောင့် စားပြီးရင်း စားချင်တဲ့စိတ်ကို ဖြစ်စေပါတယ်။

          ဒါကတော့ Tea Garden set နဲ့ ပတ်သက်ပြီး မြည်းစမ်းခဲ့သမျှ သိသလောက်လေးကို ပြန်ပြီး မျှဝေပေးတာပါ။ စိတ်အဝင်စားဆုံး အပိုင်းဖြစ်မယ့် Tea Garden set လေးရဲ့ ဈေးကတော့ USD 23++ per set က နှစ်ယောက်စာကို လက်ဖက်ရည်၊ ကော်ဖီ ကြိုက်တာ နှစ်ခွက် မှာယူလို့ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး အရသာရှိတဲ့ မုန့်များနှင့် လက်ဖက်ရည်၊ ကော်ဖီကြိုက်သူများအတွက် ပြည်လမ်းမကြီးပေါ်က LOTTE Hotel ရဲ့ Lobby က Tea Garden set ကို သွားရောက်မြည်းစမ်းသင့်ပါတယ်။ ကြိုတင် Reservation လုပ်ချင်တယ်ဆိုလျှင်တော့ ဖုန်း – ဝ၁ ၉၃၅၁၀၅၉ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Tea Garden set ကို မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၅ နာရီအထိ ရရှိပါတယ်။

Facebook Comments