TONY ROMA’S RIBS-SEAFOOD-STEAKS

eating_4 eating_3

eating_9 eating_8 eating_7 eating_6

eating_11 eating_12 eating_10 eating_13

TONY ROMA’S RIBS-SEAFOOD-STEAKS

            Food Magazine ကို ဖတ်ရှုအားပေးနေကြတဲ့ စာဖတ်ပရိသတ်များအတွက် ဒီတစ်ခေါက် Eating Out ကဏ္ဍမှာ တင်ဆက်ပေးဖို့ American Franchise ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Tony Roma’s Ribs, Seafood, Steaks ဆိုင်ကို ကျွန်တော်တို့အဖွဲ့ရောက်ခဲ့ပါတယ်။ ရန်ကုန် ဆရာစံလမ်းမှာတစ်ဆိုင်၊ ကမ်းနားလမ်းမှာ တစ်ဆိုင် ဖွင့်လှစ်ထားတဲ့ဆိုင်များအနက် Strand Square (ယခင် ၆ ထပ်ရုံးလို့ သိကြတဲ့ အဆောက်အဦနေရာ) မှာ ဖွင့်လှစ်ထားတဲ့ ကမ်းနားလမ်းဆိုင်ကို ရောက်ခဲ့တာဖြစ်ပါတယ်။

            အပြင်ကနေကြည့်မယ်ဆိုရင် Strand Square အဆောက်အဦဆင်ဝင်ကြီးရဲ့ ဘယ်ဘက်ဘေးက စိမ်းလန်းတဲ့သစ်ပင်ငယ်လေးတွေရဲ့နောက် TR ဆိုတဲ့ အမှတ်အသားလေးတွေ ရိုက်နှိပ်ထားတဲ့ မှန်ချပ်ကြီးတွေနဲ့ ကာရံထားတဲ့ ခေတ်မီဒီဇိုင်းပုံစံ ဆိုင်အသွင်အပြင်ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ Tony Roma’s Ribs, Seafood, Steaks ဆိုတဲ့ ခန့်ညားလှပတဲ့ ဆိုင်းဘုတ်ကြီးဘေးမှာတော့ ဆိုင်တွင်းဝင်ပေါက်နဲ့ ဘေးဘက်မှာ မျက်နှာပြင်ကျယ်ပြန့်ကြီးမားတဲ့ TV ကြီးကနေတစ်ဆင့် စားချင်စဖွယ်အစားအစာများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

            ဆိုင်ထဲကို ဝင်လိုက်တယ်ဆိုရင်တော့ ခေတ်မီလှပတဲ့ ဒီဇိုင်းအပြင်အဆင်များနဲ့ စပြီးထိတွေ့ရပါပြီ။ လက်ဝဲဘက်မှာ ၈ ယောက်ထိုင် လေးထောင့်ကျကျ စားပွဲများကို နံရံကပ်ဆိုဖာရှည်ကြီးများနဲ့ အကန့်ခွဲခြား ခင်းကျင်းထားပါတယ်။ နောက်ဘက်နံရံနဲ့ကပ်ပြီး ကြီးမားခန့်ညားတဲ့ ဘားကောင်တာကြီးကို ဘားထိုင်ခုံများ ခြံရံပြီး အထင်း သားတွေ့ရမှာ ဖြစ်ပါတယ်။ YOMA, CARLSBARG, TURBORG စတဲ့ Draught Beer များနဲ့ ကမ္ဘာမှာရှေးကျလှတဲ့ ဥရောပဘီယာနဲ့ STOUT များ၊ ကမ္ဘာ့လူကြိုက်များ COCKTAIL များအပြင် MAGARITA ကို ပုံစံတစ်မျိုး ဆန်းသစ်ပြီး Tony Roma’s မှ အထူးဖန်တီးထားတဲ့ ROMARITA အရက်တွေမပါဘဲ သစ်သီးများနဲ့ စွဲမက်ဖွယ် အရသာဖြစ်အောင် ဖျော်စပ်ထားတဲ့ MINT & FRUITS, STRAWBERRY KIWI ORANGE PUNCH စတဲ့ MOCKTAIL များပါရနိုင်တဲ့ ဘားကောင်တာရဲ့ တစ်ဖက် တစ်ချက်စီမှာတော့ အားကစားရုပ်သံလိုင်းများကို အမြဲဖမ်းယူပြသပေးနေတဲ့ TV များရှိနေတာကြောင့် အားကစားဝါသနာရှင်များ အကြိုက်ဖြစ်မယ်နေရာ ဖြစ်ပါတယ်။ ဘားထိုင်ခုံများကလွန်လာရင်တော့ Sport Bar ကောင်တာအတွက် ရည်ရွယ်ပြီး ခင်ကျင်းထားတဲ့ စားပွဲထိုင်ခုံအမြင့်များကို ခင်းကျင်းပေးထားတာ တွေ့ရပါတယ်။ မီးအလင်းပေးစနစ်နဲ့ လေအေးပေးစနစ်များကလည်း ခေတ်မှီလှပပြီး အရောင်ဖန်တီး ပြင်ဆင်ထားတာကလည်း အနောက်တိုင်းပုံစံ အထက်တန်းကျကျ ညိုမှိုင်းမှိုင်းအရောင်ကို အများဆုံးသုံးထားတာ တွေ့ရပါတယ်။ စားပွဲတွေ၊ ကုလားထိုင်တွေအပြင် မျက်နှာကျက်မှာ တပ်ဆင်ထားတဲ့ ထုထည်ကြီးမားတဲ့ သစ်သားတန်းများကအစ အရောင်တွေ မတိမ်းမယိမ်းနဲ့ လိုက်ဖက်ညီလှပါတယ်။ ဘားကောင်တာအနောက်ဘက် လှေကားကနေ တက်သွားရင်တော့ အပေါ်ဘက်ခန်းမကျယ်ကြီးကို ရောက်သွားမှာ ဖြစ်ပါ တယ်။ နှစ်ယောက်စားပွဲ၊ လေးယောက်စားပွဲ ကနေစပြီး အောက်ထပ်မှာလိုပဲ မိသားစုများ တစ်စုတစ်ဝေးတည်း ထိုင်နိုင်တဲ့ လေးထောင့်စားပွဲကြီးများက ဆိုင်ရဲ့တစ်ဖက်ခြမ်း မှာ နေရာယူခင်းကျင်းထားပါတယ်။ ဆိုင်အရှေ့ဘက်ခြမ်း မှန်တံခါးကနေထွက် သွားရင်တော့ Balcony မှာ ဆေးလိပ်သောက်သူတွေ အတွက် အဆင်ပြေအောင်ပြင်ဆင်ထားတဲ့ ၂ ယောက် စားပွဲလေးတွေက အဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။

            ဆိုင်တစ်ဆိုင်လုံးရဲ့ နံရံများပေါ်မှာကတော့ Tony ရဲ့ သမိုင်းကြောင်းကို ပြန်လည်ထင်ထပ်စေမယ့် ရှေးဟောင်း ဓာတ်ပုံများနဲ့ ဥရောပနဲ့ အာရှမှာရှိတဲ့ နာမည်ကြီးဒေသတွေရဲ့  ဓာတ်ပုံများကို တွေ့ရမှာဖြစ်ပါတယ်။

            ပရိသတ်ကြီးရေ တစ်ဆိုင်လုံးကို လေ့လာပြီးတဲ့နောက်မှာတော့ ၁၉၇၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများစွာမှာ ဆိုင် Franchise ဆိုင်ခွဲပေါင်း (၁၅ဝ)ကို အောင်မြင်စွာ ဖွင့်လှစ်ထားတဲ့ Tony Roma’s ရဲ့ အစားအစာစာရင်းမှာရှိတဲ့ နာမည်ကြီး လူသိများတဲ့ အစားအစားတွေကို လေ့လာကြည့်ရအောင်။

            ပထမဦးဆုံး မြည်းစမ်းကြည့်တဲ့ အစားအစာကတော့ ခံတွင်းဖွင့်စာ (Appetizer) တစ်မျိုးဖြစ်တဲ့ STAEK & WILD MUSHROOM FLATBREAD ဖြစ်ပါတယ်။ ပုံမှန်အနေနဲ့ တစ်ဝက်ကျက်ကင်ထားတဲ့ အမဲသား STAKE ကို စားသုံးသူစိတ်ကြိုက် အကျက်၊ တစ်ဝက်ကျက် စသည်ဖြင့်မှာယူနိုင်ပြီး Wild Mushroom, Red Pepper, Havarti Cheese, Bleu Cheese နဲ့ ကြက်သွန်ဖြူအမြိတ်တို့ အချိုးညီစွာ Topping လုပ်ထားတဲ့ ကြွပ်ကြွပ်ရွရွ ပေါင်မုန့်ပါးပါးလေးရဲ့ အရသာနဲ့ ထိတွေ့ မှုက တမူထူးခြားတဲ့ ခံတွင်းဖွင့်စာအဖြစ် သတိတရနဲ့ မြည်းစမ်းကြည့်ရမယ့် စားစရာတစ်မျိုး ဖြစ်ပါတယ်။

            နောက်ထပ်တစ်မျိုးကတော့ ROMA’S SAMPLER လို့ခေါ်တဲ့ အမျိုးအစား စုံလင်လှတဲ့ ခံတွင်းဖွင့်စာ တစ်မျိုး ဖြစ်ပါတယ်။ ခံတွင်းဖွင့်စာ ၃ မျိုး ပေါင်းစပ်ထားတဲ့ COMBO အမျိုးအစားဖြစ်ပြီး Red Hot Buffalo Wings လို့ နာမည်ပေးထားတဲ့ ကြက်တောင်ပံ၊ Potao Skin ၊ အကြီးစားကြက်သွန်နီများကို အကွင်းကြီးများ လှီးဖြတ်ပြီးမှ အစီအစဉ်တကျထပ်ပြီး ဆီပူပူမှာ နှစ်ကြော်ထားတဲ့ Onion Loaf ကိုပါ ထည့်ပေးထားတာကြောင့် ကလေးငယ်များပါ ကြိုက်နှစ်သက်ကြမယ့် ခံတွင်းဖွင့်စာ ဖြစ်ပါတယ်။ ပူပူနွေးနွေး Onion Loaf ၊ အနည်းငယ်သာ ပူစပ်စပ်ဖြစ်နေတဲ့ ဆော့စ်ရည်ရွှဲရွှဲ ကြက်တောင်ပံ၊ နူးညံ့ပြီး ချိစ်အရသာပြွမ်းတဲ့ Potato Skin တို့ဟာ တွဲဖက်ပေးထားတဲ့ BBQ ဆော့စ်၊ Sour Cream နဲ့ Bleu Dressing တို့နဲ့ နှစ်သက်ရာ တွဲဖက်စားပြီး ပြန်ရတဲ့ကျေနပ်မှုကို ပရိသတ်များလည်း တူညီစွာခံစားနိုင်စေဖို့ Tony Roma’s ရောက်ရင် မြည်းစမ်းကြည့်ဖို့ အကြံပြုပါရစေ။

            နောက်ထပ်မြည်းစမ်းကြည့်မိတာကတော့ Sea-Food အမျိုးအစားထဲက Appetizer တစ်မျိုးဖြစ်တဲ့ FISH & FRIES ဖြစ်ပါတယ်။ ပြည်ပကမှာ ယူတင်သွင်းလာတဲ့ ငါးနဲ့ French Fries ကို ကလေးများ နှစ်သက်စွာ စားသုံးနေတဲ့ စားစရာတစ်မျိုးဖြစ်ပေမယ့် Tony Ramas မှာတော့ Imported Ingredients များ ဖြစ်တာကြောင့် အရည်အသွေးပိုင်းမှာတော့ အမြဲတမ်းစံချိန်မှီဖြစ်နေမှာတော့ မလွဲပါဘူးခင်ဗျာ။ နောက်ထပ်ဝေမျှပေးချင်တဲ့ စားစရာအမယ်တစ်မျိုးကတော့ SHRIMP SCAMPI PASTA ဖြစ်ပါတယ်။ ကြက်သွန်ဖြူရနံ့မွှေးမွှေးနဲ့ လတ်ဆတ်တဲ့ပုစွန်ကို Mexican ငရုတ်သီး၊ Tomato Pesto တို့နဲ့ ချက်ပြုတ်ထားတဲ့ Pasta ခေါက်ဆွဲတစ်မျိုး ဖြစ်ပါတယ်။ အနောက်တိုင်းအစားအစာတွေမှာ လူကြိုက်များလှတဲ့ Pasta ခေါက်ဆွဲပွဲကလည်း ပရိသတ်များ ကြိုက်နှစ်သက်မယ့် စားစရာအမယ်တစ်မျိုး ဖြစ်ပါလိမ့်မယ်။

            ရွေးချယ်စရာတွေများလှတဲ့ Tony Roma’s ရဲ့ အစားအစာများကို တစ်ယောက်တည်း ၂ မျိုး၊ ၃ မျိုး သုံးဆောင်နိုင်အောင်လည်း တစ်ပွဲစာပေါင်းစပ်ထားတဲ့ COMBO SET အနေနဲ့လည်း မှာယူနိုင်ပါသေးတယ်။ FILET MEDALLIONS AND RACK OF BABY BACKS ကတော့ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တယ်လို့ အကြံပေးလိုပါတယ်။ ဝိုင်အနီကို အခြေခံပြီး ချက်ပြုတ်ထားတဲ့ Cabernet Demi-glace ဆော့စ်နဲ့ အမဲလိုင်းသား ၂ ခု၊ ဝက်ကလေး နံကပ်သားတစ်ဝက်၊ ပြည်ပက တင်သွင်းလာတဲ့ အာလူးနဲ့ ပြုလုပ်ထားတဲ့ Mashed Potato နဲ့ ပန်းပွင့်စိမ်းတွေ တွဲစပ်ထားတဲ့ ဟင်းလျာပွဲဟာ အာဟာရရှုထောင့်ကကြည့်ရင်လည်း အလွန်ပြည့်စုံလှတာကြောင့် Tony Roma’s မှာ လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။

            နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ ခပ်ကြီးကြီးပြုလုပ်ထားတဲ့ MEMPHIS BURGER ဖြစ်ပါတယ်။ အမေရိကန်စတိုင်လ် Burger ဆိုက်ကြီးကို Tony Roma’s မှာရနိုင်ပါတယ်။ သာမန် Burger ထက် တမူထူးတဲ့အချက်ကတော့ Beef Burger အသားပြားအပြင် Cheddar Cheese, Bacon, Pickle, Red Onion တို့နဲ့ပါ ပြင်ဆင်ထားတာဖြစ်ပါတယ်။ အသားပြားကို ပြန်လည်ပြင်ဆင်တဲ့အခါမှာ Memphis BBQ Sauce ကို နူးညံ့တဲ့အသားထဲ စိမ့်ဝင်အောင်ပြင်ဆင်ချက်ပြုတ်ထားတာကြောင့် အသားရဲ့အရသာဟာ စားဖူးသမျှထဲမှာတစ်မူထူးလို့ နေပါတယ်။ Burger ရဲ့ ဓလေ့ထုံးစံအတိုင်း အာလူးအချောင်းကြော်လေးပါ ပါတာကြောင့် ရှေးရိုးအစဉ်အလာမပျက် တည်ခင်းတဲ့ Burger ပွဲတစ်ခုဖြစ်ပါတယ်။

            အသားတွေ၊ ဘာဂါတွေ၊ ဆီနှစ်ကြော်တာတွေကိုစားရငြီးငွေ့နေပြီဆိုသူများအတွက် စိတ်ဝင်စားစရာ ကောင်းတှဲ့ေူေိ ပွဲတစ်ခုကတော့ ကြက်ကင် ဒါမှမဟုတ် ကြက်အကြွပ်လေးတွေကို အမျိုးအစားစုံလင်လှတဲ့ ဟင်းသီးဟင်းရွက်သီးနှံများရဲ့ အပေါ်မှာအုပ်ပြီး တန်ဆာဆင်ထားတဲ့ FIRE ROASTED VEGETABLE SALAD ဖြစ်ပါတယ်။

            စုံလင်လှတဲ့ အစားအစာများကို မြည်းစမ်းပြီးတဲ့ နောက်မှာတော့ Tony Roma’s ရဲ့ အချိုပွဲလေးတွေထဲက စိတ်ကြိုက်ဖြစ်ခဲ့ရတဲ့ အချိုပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကလေးငယ်လေးတွေနဲ့ မိန်းကလေးတွေ နှစ်သက်ကြတဲ့ STRAWBERRY ချစ်စရာ အရောင်လေးနဲ့ စွဲဆောင်မှုကောင်းပြီး အရသာထူးကဲတဲ့ RED VELVET CAKE, ENGLISH TRADITIONAL ပုံစံ ရေခဲမုန့် Scoop တစ်လုံးနဲ့ တွဲထွက်လာတဲ့ RASPBERRY BROWINE ROYAL စတဲ့အချိုပွဲတွေဟာ တစ်မျိုးချင်း မှာယူသုံးဆောင်နိုင်သလို၊ သုံးမျိုးပေါင်းစပ်ပြီး မိသားစု၊ မိတ်ဆွေများ ဝေမျှသုံးဆောင်နိုင်တဲ့ DESSERT TRIO အနေနဲ့ ပိုမိုချိုသာတဲ့ဈေးနှုန်းနဲ့ မှာယူနိုင်မှာဖြစ်ပါတယ်။

            စုံလင်လှတဲ့ စားသောက်ဖွယ်ရာများကို မှာယူရာမှာ ကလေးငယ်များအတွက်လည်း ပိုမိုအဆင်ပြေစေ မယ့် KID MENU လေးတွေကိုလည်း စီစဉ်ပေးထားပါတယ်။ Orange, Apple, Cranberry စတဲ့ ကလေးငယ်လေးများ ကြိုက်နှစ်သက်တဲ့ Juice များအပြင် ကလေးငယ်များအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ KIDS SODA နဲ့ Soft Drink မျိုးစုံကိုလည်း ရနိုင်ပါတယ်။ အစားအစာပိုင်းကို ကြည့်မယ်ဆိုရင်လည်း အာဟာရမျှတအောင် စီစဉ်ထားတဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပင်လယ်စာ စားဖွယ်များကို မရိုးရအောင် ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ KID MENU ဆိုတဲ့အတိုင်း အရာရာကို ပိုင်ဆိုင်လိုကြတဲ့ ကလေးငယ်လေးတွေအတွက် မှာယူထားတဲ့အစားအစာများကို စောင့်ဆိုင်းရင်း ကိုယ်ပိုင် MENU စာရွက်တစ်ခုချင်းစီမှာ ဆေးရောင်ချယ်၊ ဥာဏ်စမ်းကစား၊ Tony ရဲ့ ငယ်ဘဝအကြောင်းလေးတွေ ဖတ်လို့ရမှာဖြစ်ပြီး ကိုယ်နဲ့ Tony Roma’s ကြားက အမှတ်တရအဖြစ်နဲ့ ယူဆောင်သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

            လူကြီးတွေအတွက်ကတော့ သောက်စရာတစ်ခု ဝယ်ရင်တစ်ခု Free ရမယ့် Happy Hours များကို 14:30 မှ 18:00 အထိ တစ်ကြိမ်၊ 21:00 မှ ဆိုင်ပိတ်ချိန်အထိ တစ်ကြိမ် သတ်မှတ်ပေးထားပါတယ်။ ဒါတွေ အပြင် APEX HOSPITALITY GROUP ကနေ ထုတ်ပေးထားတဲ့ Lifestyle Membership Card ကိုင်ဆောင်သူများ အတွက်လည်း Platinum, Gold စတဲ့ Member အလိုက် 15%, 10% စတဲ့ ဈေးနှုန်းလျော့ချပေးတဲ့စနစ်ကိုလည်း စီစဉ်ထားပေးပါတယ်။ မွေးနေ့မှာ ရောက်လာခဲ့မယ် ဆိုရင်တော့ ID ပြနိုင်ရင် 20% အထိ မည်သူကိုမဆို ဈေးနှုန်းသက်သာခွင့်ပေးမှာ ဖြစ်ပါတယ်။ ရံဖန်ရန်ခါပြုလုပ်တဲ့ Promotion အစီအစဉ်များမှ ရရှိတဲ့ Promotion Flyer နဲ့လည်း 10% ဈေးနှုန်းသက်သာခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် Food Magazine ရဲ့ Tony Roma’s ကြော်ငြာနဲ့ အတူပါလာမယ့် Discount Coupon ဖြတ်ပိုင်းလေး ယူဆောင်ပြီး လာရောက်သုံးဆောင်မယ် ဆိုရင်လည်း သတ်မှတ်ပေးထားတဲ့ သက်သာခွင့်တွေ ရရှိမှာဖြစ်ပါတယ်။

            Eating Out ကဏ္ဍကို ဖတ်ရှုအားပေးနေတဲ့ ပရိသတ်များခင်ဗျာ Tony Roma’s ဟာ အမေရိကန် Franchise ဆိုင်တစ်ခုဖြစ်တာကြောင့် အစားအစာ အရည်အသွေး အတွက် အရေးကြီးတဲ့ ကုန်ကြမ်းပစ္စည်း များဟာ USDA (United State Department of Agriculture) အသိအမှတ်ပြု ကုန်ကြမ်းတွေကိုသာ အသုံးပြုရတာ ဖြစ်ပါတယ်။ Tony Roma’s ရဲ့  ပင်မကုမ္ဗဏီကြီးဖြစ်တဲ့ Roma Corp ရဲ့ စီမံခန့်ခွဲမှုသင်တန်း ဆင်းထားတဲ့ စားဖိုမှူးများ ဦးဆောင်ပြီး အစားအစာများရဲ့ အရသာတသမတ်တည်းရှိမှုအတွက် အစားအစာ Item တစ်ခုချင်းစီအလိုက် ချက်ပြုတ်ပြင်ဆင်ပုံ အဆင့်ဆင့်ကို ပြဌာန်းထားတဲ့ SOP (Standard Operating Procedure) အတိုင်း အမှားအယွင်း အနည်းဆုံးဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ပေးနေ တာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုအပိုင်းကို လေ့လာကြည့်မယ်ဆိုရင်လည်း သေချာစွာ သင်တန်းပေးတားတဲ့ ဝန်ထမ်းများက ဝန်ဆောင်မှုများ ပေးနေတာဖြစ်လို့ ကမ္ဘာ့နေရာတိုင်းမှာ ဖွင့်လှစ်ထားတဲ့ ဘယ်ဆိုင်ခွဲကိုရောက်ရောက် တစ်ပုံစံတည်း ဖြစ်နေရမယ်လို့ ဆိုထားတဲ့ Tony Roma’s (Ribs, Seafood, Steak) ဆိုင်ကို ရွေးချယ်စရာ တစ်ခုအဖြစ် မျှဝေတင်ပြလိုက်ပါတယ်။

Tony Roma’s (Sayar San Branch)

No.42-A, Sayar San Road, Bahan Township,

Yangon, Myanmar.

Ph : 01- 860 3907

Tony Roma’s (Strand Road)

Ground Flour, Strand Square Building,

Pabedan Township, Yangon, Myanmar.

Ph : 01 2307356

Facebook Comments