Simple Crepes Recipe

by May’s Healthy Food

          ဒီလ  Food Magazine ပရိသတ်ကြီးကို ရေးပေးမယ့် Recipe ကတော့ လွယ်ကူတဲ့ Crepes Roll လေးပါ။ ရိုးရှင်းပေမယ့် စားရတာအရသာရှိပြီး ကလေးရော လူကြီးပါမကျန် ကြိုက်နှစ်သက်စေမယ့် အာဟာရပြည့်ဝတဲ့ သရေစာတစ်မျိုးပါ။ လုပ်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းတွေကတော့-

ကြက်ဥ  –  ၁ လုံး

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Vanilla Extract  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  ဇွန်းဖျား

All-Purpose Flour  –  ၁၂၀ ဂရမ်

နွားနို့အအေး  –  ၁  ၁/၂  ခွက်

ဆီ  –  အနည်းငယ်

အပေါ်မှ ဆမ်းရန်

          ချောကလက်အနည်းငယ်ကို နို့အနည်းငယ်ရောပြီး ရေနွေးခံ၍ အပူပေးကာ မြေပဲ အနည်းငယ်ကို ၄ ခြမ်းကွဲ ထောင်းထည့်ပါ။

ပြုလုပ်နည်း

၁။       ကြက်ဥကို ခလောက်ပါ။  All-Purpose Flour  ဆား၊ ဗီနီလာအနံ့၊ နို့၊ သကြားတို့ကို သမအောင်ရောမွှေပြီး ခလောက်ကာ ဆန်ခါဖြင့် စစ်ပါ။

၂။       Nonstick ဒယ်အိုးကို အပူပေးပြီး ဆီသုတ်ကာ မုန့်နှစ်ကို ခပ်ပါးပါးထည့်ရင်း အိုးကို ကိုင်၍ လှည့်ပေးပါ။ မီးအလယ်အလတ်ကို အသုံးပြုပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ။

၃။       လုပ်ပြီးသားမုန့်များကို အအေးခံပြီးမှ လိပ်၍ အပေါ်မှ ချောကလက်ကို ဆမ်းပေးပါ။

Facebook Comments