Strawberry Oatmeal

by May’s Healthy Food for Food Magazine

          Food Magazine ပရိသတ်များ မင်္ဂလာပါနော်။ အိမ်က သမီး ကျောင်းမသွားခင် မနက်စာကျွေးရတဲ့ အလုပ်ဟာ ကျွန်မအတွက် ခက်ခဲပါတယ်။ မနက်အစောကြီး အစားမစားချင်တာရယ်၊ ခပ်နှေးနှေးစားတတ်တဲ့ သမီးကြောင့် မြန်မြန်ဆန်ဆန်နဲ့ အချိန်မီ စားလို့ပြီးအောင်ရယ်၊ အာဟာရပြည့်အောင်ရယ် အတော်စဉ်းစားပြီး ပြင်ဆင်ပေးရပါတယ်။အဲဒါနဲ့ အာဟာရလည်းပြည့်၊ ဗီတာမင်ပါဝင်မှုမြင့်မားပြီး ဖွံ့ ဖြိုးကြီးထွားမှုကို အားပေးတဲ့ Oatmeal ရယ်၊ ကျောင်းတက်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားကို ကာကွယ်ဖို့ ရောဂါကာကွယ်စေနိုင်တဲ့ ဗီတာမင်စီ မြောက်မြားစွာ ပါဝင်တဲ့ စတော်ဘယ်ရီနဲ့ Dairy Product ထဲက ကလေးတွေအတွက်  အရိုးသန်မာစေတဲ့ နို့တို့ကို ပေါင်းစပ်ပြီး လွယ်ကူမြန်ဆန်တဲ့ မနက်စာလေးကို  သမီးအတွက် ပြင်ပေးဖြစ်ပါတယ်။ မေမေတို့အိမ်က သားသား၊ မီးမီးတွေအတွက်လည်း အဆင်ပြေပြီး ကြိုက်နှစ်သက်စေမှာ သေချာပါတယ်။

Over Night Oatmeal

လိုအပ်တာတွေက-

နွားနို့အေး  –  ကော်ဖီခွက်တစ်ဝက်

အခဲခန်းထဲထည့်ထားတဲ့ စတော်ဘယ်ရီ  –  ၁၀ လုံး

ပျားရည်  –  ထမင်းစားဇွန်း တစ်ဝက်

စပျစ်သီးခြောက်  –  အနည်းငယ်

Oatmeal  –  အနည်းငယ်

Over Night Oatmeal ပြုလုပ်နည်း

          နွားနို့အေးကော်ဖီခွက်တစ်ဝက်ထဲကို Oatmeal ထမင်းစားဇွန်း ၂ ဇွန်းထည့်ပြီး ရေခဲသေတ္တာထဲ (အခဲခန်းမဟုတ်) တစ်ညစိမ်ထားပါ။

 ပြုလုပ်နည်း

          စပျစ်သီးခြောက်မှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်နဲ့ ကြေညက်အောင် ဖျော်ပြီး အပေါ်က စပျစ်သီးခြောက် Oatmeal အနည်းငယ်ကို ဖြူးပေးပါ။

***     ၂ နှစ်အောက်ကလေးများ ပျားရည်မကျွေးရပါ။ ၁ နှစ်အောက် ကလေးများ နွားနို့ မတိုက်ရပါ။

Facebook Comments