Vanilla Ice Cream (အိမ်လုပ်ဗီနီလာရေခဲမုန့်)

kid_1

Vanilla Ice Cream (အိမ်လုပ်ဗီနီလာရေခဲမုန့်)

ကလေးငယ်တို့နဲ့အတူ ချိုအေးမွှေး၊ လန်းပြီး အေးတဲ့ ခုလုပ်ပြမယ့် ဗီနီလာရေခဲမုန့် လုပ်ကြမယ် ဆိုရင်တော့ Ice Cream Maker ထဲကထွက်တာနဲ့ Freezer ထဲမရောက်ခင် အပြိုင်မြည်းကြရင်း ပြိုက်ခနဲကုန်သွားမယ်လို့ သတိပေးချင်ပါတယ်။ ခုလို နွေလတစ်လနဲ့လိုက်ဖက်တာကြောင့် အားလပ်ရက်များမှာ လုပ်စားကြည့်ပါလို့ တိုက်တွန်းပရစေ။

►    ပါဝင်ပစ္စည်းများ

♦   သကြား   –   100 g

♦   ကြက်ဥအနှစ်   –   4 pcs

♦   နွားနို့   –   250 ml

♦   Whipping Cream   –   250 ml

♦   ဗီနီလာအနံ့   –   1 tea spoon

(Vanilla Extract) (သို့) ဗီနီလာအစေ့ (Vanilla Pod)   –   ၁

►    ပြူလုပ်ပုံ

၁။        သကြား၊ ကြက်ဥအနှစ်တို့ကို လျှပ်စစ်မွှေစက် (Electric Mixer) Whisk နှင့် အဖြူရောင်သမ်းလာသည်အထိ ရိုက်ပါ။

၂။        ဒယ်အိုး(Saucer Pan) ထဲသို့ နွားနို့၊ Whipping Cream ဗီနီလာအနံ့တို့ထည့်ပြီး မီးအေးအေးဖြင့် အမြှုပ်ထပြီး ဆူသည်အထိ ကျိုပါ။ ဗီနီလာအနံ့ သင်းလာပါလိမ့်မည်။

၃။        ရလာသောအမှတ်စဉ် ၂ ကိုအမှတ် ၁ ထဲသို့ နည်းနည်းချင်းစီထည့် (ကြက်ဥမကျက်သွားအောင်) သမအောင် မွှေတံဖြင့် အဆက်မပြတ် မွှေနေရပါမယ်။

၎။        ရလာသောအမှတ်စဉ် ၃ ကိုသန့်စင်ပြီးသား ဒယ်အိုး (Saucer Pan)ထဲသို့ ပြန်ထည့်ပြီး မီးအေးအေးဖြင့် ပျစ်လာအောင်ကျိုရပါမယ်။ သတိထားရမှာက ကြက်ဥအနှစ်များ ကျက်သွားပြီး အဖတ်လေးများ ဖြစ်မသွားအောင် သစ်သားရောင်းမနဲ့ မကြာခဏ ဂရုစိုက်မွှေပေးနေရပါမယ်။ ကျက်သွားရင်တော့ ဆန်ခါနဲ့စစ်ချပြီး အသုံးပြုနိုင်ပါတယ်။ ခပ်ပျစ်ပျစ်ရ လာပြီဆိုရင်တော့ ဒယ်အိုးပေါ်က ချက်ချင်းဖယ် အအေးခံပြီး အနည်းဆုံး ၄ နာရီကြာ ရေခဲသေတာထဲထည့် အအေးခံရပါမယ်။ ပြီးရင် Ice Cream Maker ထဲထည့် မိနစ် ၃ဝ မွှေပြီးရင် အိမ်လုပ် ဗီနီလာရေခဲမုန့်ရပါပြီ။ Ice Cream Maker မသုံးဘူးဆိုရင်တော့ ရလာသည့်အရောကို Freezer ထဲ ၆ နာရီလောက်အအေးခံ၊ နာရီဝတ်တစ်ခါလောက်ထုတ်ပြီး မွှေတံနဲ့မွှေပေးရပါမယ်။

Facebook Comments