Yakisoba

ဂျပန်အစားအစာတွေထဲမှာYakisoba ကStreet Food  အစားအစာထဲမှာလည်း နာမည်ကြီးပြီး မြန်မာ လူမျိုးတွေရဲ့ ပါးစပ်နဲ့ အလွန်အဆင်ပြေတဲ့ အရသာမို့ အိမ်က သမီးကတော့ အလွန်ကြိုက်ပါတယ်။ ခေါက်ဆွဲ၊ အသီးအရွက်နဲ့ အသား စသည်တို့ ပါဝင်တာမို့ တစ်မျိုး တည်းနဲ့ အာဟာရစုံတဲ့ နေ့လယ်စာပါ။ ထမင်းထည့်ဖို့ လည်း အလွန်အဆင်ပြေတာမို့ လုပ်ကြည့်ရအောင်နော်။Yakisoba Sauce ကို ဂျပန်ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။

Facebook Comments

by May's Healthy Food for Food Magazine

ပါ၀င္ပစၥည္းမ်ား

ခေါက်ဆွဲ

(ကျွန်မကPasta ခေါက်ဆွဲ သုံးထားပါတယ်။)

ဝက်သား-  ၁၀ ကျပ်သား

(ဝက်သား/ကြက်သား/အမဲသား ကြိုက်ရာသုံးလို့

ရပါတယ်။)

ဂေါ်ဖီ-  ပန်းကန်တစ်ဝက်

(အနေတော်လှီးပါ)

မုန်လာဥနီ-  အနည်းငယ်

(ပါးပါးလှီးပါ)

ဆား

ငရုတ်ကောင်း

ခရုဆီ-  ထမင်းစားဇွန်း ၁/၂ ဇွန်း

Yakisoba

ဆီ-  ထမင်းစားဇွန်း ၂ ဇွန်း

ရေညှိခြောက်-  အနည်းငယ်

ပြုလုပ်နည်း

၁။        ပါစတာခေါက်ဆွဲကို ပြုတ်ပြီး ရေစစ်ထားပါ။

၂။         ဝက်သားကို ဆား၊ ငရုတ်ကောင်းတို့နှင့်နယ်ပြီး ရေနည်းနည်းနဲ့ နူးအောင် တည်ပါ။

၃။        ရေခန်းပြီး ဝက်သားကျက်ပြီဆိုလျှင် ဂေါ်ဖီနှင့် မုန်လာဥကို ဆီ ထမင်းစားဇွန်း ၂ ဇွန်းလောက် ထည့်ပြီး နွမ်းအောင် ကြော်ပါ။

၄။        အရသာအတွက် ခရုဆီ၊ ဆားနှင့် ငရုတ်ကောင်း တို့ကို ထည့်ပါ။

၅။        အသီးအရွက်ရပြီဆိုလျှင် ခေါက်ဆွဲထည့်ပါ။ Yakisoba Sauce ထည့်၍ နှံ့အောင် မွှေပြီး ၃ မိနစ်ခန့် ကြော်ပြီးလျှင် ရပါပြီ။ အပေါ်ကနေ ရေညှိခြောက် လေးဖြူးပြီး ကလေးတို့ကို ကျွေးဖို့ အသင့်ဖြစ်ပါပြီ။