
ငါးနဲ့ ပအုံးရည်၊ ကြက်သွန်နီတို့ကို အခြေခံချက်ထားပြီး အရည်သောက်ပုံစံပူပူလေးကို မုန့်ဖတ်နဲ့ တွဲစားလေ့ရှိတဲ့ တိုင်းရင်းသားအစားအစာတစ်မျိုးပါ။ ထားဝယ်လူမျိုးတွေ အမြဲတမ်းစားလေ့ရှိတဲ့ အစားအသာက်တစ်ခုဆိုရင်လည်း မမှားပါဘူး။ နေ့ခင်း၊ ညနေဘက်တွေမှာ စားလေ့ရှိပြီး ပအုံးရည်ရဲ့ အချဉ်အရသာ၊ ငါး၊ ကြက်သွန်နီတို့ရဲ့ အချိုအရသာတို့ ပေါင်းစပ်ထားတဲ့ ထားဝယ်မုန့်လက်သုပ်က စားဖူးသူတိုင်းကို ခံတွင်းတွေ့စေပါတယ်။
by Htain Lin Maung for Food Magazine
ပါ၀င္ပစၥည္းမ်ား
ငါးရံ့- ၅ဝဝ ဂရမ်
စပါးလင်- ၅ ချောင်း
ပအုံးရည်- ၃၀ မီလီလီတာ
နနွင်းမှုန့်- အနည်းငယ်
မုန့်ဖတ်- ၈ဝဝ ဂရမ်
ကြက်သွန်နီ- ၄ဝဝ ဂရမ်
ရေ- ၂ လီတာ
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပရာသီး- ၂ လုံး
ငရုတ်သီးမှုန့်- အနည်းငယ်
စာကလေးခွေ- ၁ ထုပ်
ခ်က္နည္း
၁။ အိုးထဲ စပါးလင်၊ ငါး၊ ပအုံးရည်နှင့် ရေအနည်းငယ် ထည့်ပြီး ငါးအချိုရည်ထွက်သည်အထိ မိနစ်
၂၀ ခန့် တည်ပါ။
၂။ ငါးပြုတ်ရည်ထဲမှ ငါးအသားကို ဆယ်ယူပြီး အအေးခံပါ။ ငါးကို အသားနွှင်ပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။
၃။ ဟင်းရည်ချက်မည့်အိုးထဲ ငါးပြုတ်ရည်နှင့် စပါးလင် ပြန်ထည့်၍ ရေ ၂ လီတာခန့် ထည့်ပြီး ဆူအောင် တည်ပါ။
၄။ ရေဆူလာလျှင် အသားနွှင်ထားသော ငါးများနှင့် လေးစိတ်စိတ်ထားသော ကြက်သွန်နီကို ထည့်ပါ။
၅။ အရသာအတွက် ဆား၊ သကြားနှင့် အရသာမှုန့်တို့ကို ထည့်ပြီး အရသာမြည်းပါ။
၆။ ကြက်သွန်နီများ အနေတော် နူးအိလာလျှင် မုန့်လက်သုပ်ဟင်းရည်ရပါပြီ။
၇။ ပန်းကန်ထဲ မုန့်ဖတ်၊ ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီးစိမ်း၊ စာကလေး ခွေနှင့် ငံပြာရည် အနည်းငယ်ထည့်၍ ချက်ထားသော ဟင်းရည်ပူပူလေး လောင်းထည့်ပြီး စားသုံးနိုင်ပါပြီ။