
by May's Healthy Food for Food Magaz
ပါ၀င္ပစၥည္းမ်ား
အာလူး- ၃ လုံး (အနေတော်)
ပုစွန်- ၂၀ ကျပ်သား
ကြက်သွန်မြိတ်- အနည်းငယ်
ကြက်ဥ- ၁ လုံး
ပေါင်မုန့်ခြောက်- ထမင်းစားဇွန်း ၃ ဇွန်း
ကြက်သွန်နီ- ၂ လုံး
ဆား- အနည်းငယ်
ငရုတ်ကောင်း- အနည်းငယ်
ပြောင်းကော်မှုန့်- ပန်းကန်လုံး တစ်ဝက်
ဆီ
ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာပြီး သန့်စင်၍ အနေတော်တုံးပြီး အာလူးနူးအောင် ရေနွေးခံပေါင်းပါ။ ပေါင်းပြီးသား အာလူးကို ခက်ရင်းဖြင့် ခြေပါ။
၂။ ပုစွန်ကို အခွံခွာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။
၃။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။
၄။ ကြက်သွန်နီကို အခွံနွှာ၍ သန့်စင်ပြီး နုပ်နုပ်စဉ်းပါ။
၅။ အာလူး၊ ပုစွန်၊ ကြက်သွန်မြိတ်၊ ပေါင်မုန့်ခြောက်၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းတို့ကို နှံ့အောင် ရောနယ်ပြီး ရေခဲသေတ္တာအခဲခန်းထဲ ၁ နာရီ ထားပါ။
၆။ အချိန်စေ့လျှင် ရေခဲသေတ္တာထဲမှထုတ်ပြီး အနေတော် အလုံးလေးလုံး၍ ပြောင်းကော်မှုန့် လူးပြီး ဆီပူမှာ ရွှေရောင်သန်းလာအောင် ကြော်ပါ။
ဆီကို အရမ်းမပူအောင် မီးအသင့်အတင့်ဖြင့်သာ ကြော်ပါ။