
1 . City Mart Supermarket ၏ (၂ဝ)ဆိုင်မြောက် ဆိုင်သစ်ဖွင့်လှစ်ခြင်း
ခေတ်မီအဆင့်မြင့် လူနေမှုစနစ်ကို နှစ်သက်သောမိသားစုတိုင်း၏ ပြည့်စုံသာယာမှုအတွက် အမြဲအလေးနက်ထား ဝန်ဆောင်မှုများပေးနေသော City Mart Supermarket ၏ (၂ဝ) ဆိုင် မြောက်ဆိုင်ခွဲကို ၂ဝ၁၅ခုနှစ်၊ မေလ (၂) ရက်နေ့တွင် အမှတ် (၁၆၂၊ ၁၆၃)၊ ၇ အနောက်ရပ်ကွက်၊ မြခွာညိုအိမ်ရာ၊ ဧရာဝဏ်လမ်းမ၊ သာကေတမြို့နယ်တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။
City Mart Supermarket ကို ၁၉၉၆ ခုနှစ်တွင် အောင်ဆန်းကွင်းဆိုင်ခွဲမှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် ဆိုင်ခွဲပေါင်း (၂ဝ)ဆိုင်ဖြင့် မြန်မာနိုင်ငံ၏ လက်လီဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ဈေးကွက်၏ အမှတ်သင်္ကေတ ဖြစ်လာခဲ့ပါသည်။ City Mart Supermarket ၏ ကတိအတိုင်း ပစ္စည်းအမျိုးအစားစုံလင်မှု၊ သန့်ရှင်းလတ်ဆက်မှု၊ အရည်အသွေးပြည့်ဝကောင်းမွန်မှု၊ သင့်တင့်မျှတသောဈေးနှုန်းများ စသည်ဖြင့် အမြဲဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ထို့အပြင် City Mart Supermarket ဧရာဝဏ် (သာကေတ) ဆိုင်ခွဲသစ်ဖွင့်ခြင်းအထိမ်း အမှတ်အဖြစ် ကျပ်သုံးသောင်းဖိုးနှင့်အထက် ဝယ်ယူသူတိုင်းအတွက် City Mart Gift Voucher ၊ Seasons bakery & Café Food Coupo, Luminarc Oval Plate နှင့် အခြားဆိုင်ခန်းများမှ ဈေးဝယ်ခွင့်ကူပွန်များ ရရှိနိုင်မည့် အခွင့်အရေးကို ၂ဝ၁၅ခုနှစ်၊ မေလ (၂) ရက်နေ့မှ (၂ဝ)ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။
——————————————————————————————————–
2 . City Mart Supermarket ၏ (၂၁)ဆိုင်မြောက် ဆိုင်သစ်ဖွင့်လှစ်ခြင်း
ခေတ်မီအဆင့်မြင့်လူနေမှုစနစ်ကို နှစ်သက်သောမိသားစုတိုင်း၏ ပြည့်စုံသာယာမှုအတွက် အမြဲအလေးနက်ထား ဝန်ဆောင်မှုများပေးနေသော City Mart Supermarket ၏ (၂၁)ဆိုင်မြောက်ဆိုင်ခွဲကို ၂ဝ၁၅ ခုနှစ်၊ မေလ၊ (၁၄) ရက်နေ့တွင် အမှတ် (၅၄၊ ၅၆၊ ၅၈)၊ စက်မှု ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။
ထို့အပြင် City Mart ဝေဇယန္တာ (တောင်ဥက္ကလာပ)ဆိုင်ခွဲသစ်ဖွင့်ခြင်း အထိမ်းအမှတ်အဖြစ် ကျပ်သုံးသောင်းဖိုးနှင့် အထက် ဝယ်ယူသူတိုင်းအတွက် City Mart Gift Voucher ၊ Seasons bakery & Café Food Coupo, Luminarc Oval Plate နှင့် အခြားဆိုင်ခန်းများမှ ဈေးဝယ်ခွင့်ကူပွန်များကို ဗလာမပါ ကံစမ်းခွင့်ရရှိမည့်အခွင့်အရေးကို ၂ဝ၁၅ ခုနှစ်၊ မေလ၊ (၁၄)ရက် နေ့မှ (၂၇)ရက်နေ့ အထိ ပြုလုပ်ကျင်းပခဲ့ပါသည်။