ကဆစ်သီး … အညာချက်

ကဆစ်သီးကို မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့ဘက်မှာ တွေ့ရတတ်လို့ အညာစာလို့ ခေါ် ကြတာ ဖြစ်ပါတယ်။ ကဆစ်သီးက ကင်းပုံပင်လို အနွယ်နဲ့သီးတဲ့ နွယ်ပင် တစ်မျိုးပါ။ ကဆစ်သီးကို ထက်ခြမ်းခွဲလိုက် ရင် အစေ့လေးက ကင်းပုံသီးနဲ့ ဆင်ပါတယ်။

ကဆစ်သီးကို သူ့ချည်းသက်သက် ကင်းပုံသီးလို ကြော်ချက်လေး ချက်စားကြ သလို မျှစ်ချဉ်နဲ့ဖြစ်စေ၊ အသားတစ်မျိုးမျိုးနဲ့ဖြစ်စေ ရောနှောပြီး ချက်ကြပါတယ်။ သတိထားဖို့က ကဆစ်သီးမှာ အခါးသီးတချို့ ရောပါတတ်လို့ မချက်ခင် လျှာဖျားလေးနဲ့ တို့ပြီး စစ်ဆေးကြည့်ပါ။

Facebook Comments

by စံလွင်(ငါးဦးစီး) for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကဆစ်သီး –  ၁၅ လုံး (အရွယ်တော်)

ဆီ-  ၂   ၁/၂ ကျပ်သား

ကြက်သွန်နီ/ဖြူ –  ၁/၁ လုံး

ပုစွန်ခြောက် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်းတောင့်-  ၃ တောင့်

ဆား/နနွင်းမှုန့်-  သင့်ရုံ

ခ်က္နည္း

၁။        ကဆစ်သီးလေးများကို ရေဆေးပြီး အနေတော်စိတ်ပါ။ အသီးရင့်ပါက အစေ့ များကို ညှစ်ထုတ်ပစ်ပါ။ ကြက်သွန်နီ/ဖြူ အသင့်ထောင်းထားပါ။

၂။         ပြီးလျှင် ဒယ်အိုးထဲ ကြက်သွန်နီ/ဖြူ ထောင်းပြီး အရောကို ဆီသတ်ပြီး ကဆစ်သီး စိတ်လေးများကို ထည့်လုံးပါ။

၃။        ဟင်းခတ်အနေနဲ့ ပုစွန်ခြောက် လေးစိတ်ကွဲထောင်းထည့်၊ နနွင်းမှုန့်နှင့် ဆား သင့်ရုံခတ်ပြီး လုံးရေ အနည်းငယ်ထည့်၍ အဖုံးပိတ်ပြီး အသီးနူးအောင် ချက်ပါ။

၄။        အသီးနူးပြီး ဆီပြန်လာလျှင် ငရုတ်သီးစိမ်းတောင့် ထက်ခြမ်းခွဲအုပ်ပြီး ဖိုမှချပါ။ငရုတ်သီးစိမ်းနံ့လေးသင်းနေတဲ့ ချိုဆိမ့်အရသာ သဘာဝဟင်းလျာ ကဆစ်သီး အညာချက်ကလေး ရပါပြီ။