ကြက်ဟင်းခါးသီးထောင်း

Facebook Comments

by တင်တင်ဦး for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်ဟင်းခါးသီး-  ၁၃၀ ဂရမ်

ကိုင်းခရမ်းချဉ်သီး-  ၁ လုံး

ကြက်သွန်ဖြူ-  ၃၀ ဂရမ်

ငရုတ်သီးစိမ်း-  ၁၀ တောင့်

ပုစွန်ခြောက်မှုန့်-  စားပွဲဇွန်း ၂ ဇွန်း

မျှင်ငါးပိ-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပရာသီး-  ၁ လုံး

ဆား-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ခ်က္နည္း

ဦးစွာ ကြက်ဟင်းခါးသီး၊ ကိုင်းခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မီးကင်ပါ။ ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ မျှင်ငါးပိမီးကင်နှင့် ဆားတို့ကိုထည့်ပြီး ထောင်းပါ။ ပြီးလျှင် မီးကင်ထားသော ကြက်ဟင်းခါးသီးများကို အလယ်မှ အစေ့များဖယ်၍ ထည့်ပြီး မညက်တညက်ထောင်းပါ။ ပြီးလျှင် ကိုင်းခရမ်းချဉ်သီး ထည့်ထောင်း၍ သံပရာရည်လေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။