
ခရမ်းသီးအမျိုးအစားပေါင်း အများအပြားရှိကြရာမှာ ခရမ်းသီးရခိုင်ချက်က ခရမ်းခေါင်းသီးလို့ခေါ် ကြတဲ့ ခရမ်းသီးအပုအဝိုင်းလေးတွေကို အသုံးများပါတယ်။ ခရမ်းသီးက ရခိုင်လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး အကျွေးအမွေးနဲ့ ဧည့်ခံတဲ့ ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေမှာ အရန်ဟင်းတစ်မည် အနေနဲ့ ထည့်သွင်း ချက်ပြုတ် ကျွေးမွေးလေ့ရှိပါတယ်။
by ဦးစံလွင်(ငါးဦးစီး) for Food Magazine
ပါ၀င္ပစၥည္းမ်ား
ခရမ်းခေါင်းသီး- ၅ လုံး (အရွယ်တော်)
မျှင်ငါးပိ- ကွမ်းသီးလုံးခန့်
ငရုတ်သီးစိမ်း- ၁၀ တောင့်
ကြက်သွန်နီ- ၁ လုံး
ဆား၊ နနွင်းမှုန့်- သင့်ရုံ
ခ်က္နည္း
၁။ ခရမ်းခေါင်းသီးများကို ရေဆေး၍ ထိပ်ပိုင်း အညှာကိုဖြတ်ပြီး လေးစိတ်စိတ်ထား ပါ။
၂။ ငရုတ်သီးစိမ်းတောင့်များကို ရေဆေး၍ အညှာေြွခပြီး မညက်တညက် လေးစိတ် ကွဲ ထောင်းပါ။ မျှင်ငါးပိကို ရေအနည်းငယ်ထည့်ပြီး ရေဖျော်ထားပါ။ ကြက်သွန်နီ ကို နုပ်နုပ်စဉ်းပါ။
၃။ အားလုံးပြီးပါက ဒယ်အိုးတစ်လုံးထဲ လေးစိတ်စိတ်ထားသော ခရမ်းသီးများနှင့် အတူ ဆား၊ နနွင်းမှုန့်၊ ငရုတ်သီးလေးစိတ်ကွဲ၊ ကြက်သွန်နီနှင့် ရေဖျော်ထား
သော မျှင်ငါးပိတို့ကို ထည့်ပြီး ဖိုမှာ တည်ပါ။
၄။ ဟင်းအိုးဆူလာလျှင် ရေထပ်ထည့်ပြီး အသီးနူးအောင် အဖုံးအုပ်ချက်ပါ။ ပူပူ လောင်လောင် ချိုချိုစပ်စပ်နှင့် ဆီမလိုသည့် နူးနူးနပ်နပ် ခရမ်းသီးရခိုင်ချက်
လေး ရပါပြီ။