ချစ်တီးပဲဟင်း

by ပန်းခရေ for Food Magazine

ပဲစင်းငုံပဲနဲ့ ချက်ပြုတ်ပေးထားတဲ့ ချစ်တီးပဲဟင်းလေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲစင်းငုံ –  ၄ဝဝ ဂရမ်

ခရမ်းချဉ်သီး –  ၂ လုံး (၄ စိတ် စိတ်ထားပါ)

ခရမ်းသီး –  ၂ လုံး (အနေတော်အရွယ် ပိုင်းထားပါ)

ဘူးသီး –  ၁/၂ စိတ် (အနေတော်အရွယ် လှီးထားပါ)

ဆား –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဟင်းခတ်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းအနှစ်ဆီသတ်ရန်အတွက် ပါဝင်ပစ္စည်းများ

ဆီ –  စားပွဲဇွန်း ၄ ဇွန်း

မုန်ညင်းစေ့ –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ဇီရာ –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ပဲနံ့သာ –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပျဉ်းတော်သိမ် –  ၅ ခက် (အရွက်ေြွခထားပါ)

ကြက်သွန်နီ –  ၃ လုံး (ပါးပါးလှီးထားပါ)

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးခြောက် –  ၁၀ တောင့်

ငရုတ်သီးအစိမ်းမှုန့် –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

မဆလာ –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

၁။        ပဲစင်းငုံကို မပြုတ်ခင် ၁ နာရီခန့် ကြိုပြီး ရေစိမ်ထားပါ။ ပြီးလျှင် နနွင်းမှုန့် အနည်းငယ် ထည့်ပြီး နူးအောင် ပြုတ်ထားပါ။

၂။         ဟင်းအနှစ်ဆီသတ်ရန် ဒယ်အိုးထဲ ဆီ၊ မုန်ညင်းစေ့၊ ဇီရာနှင့် ပဲနံ့သာတိုု့ကို ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ပျဉ်းတော်သိမ်၊ ကြက်သွန်နီနှင့် နနွင်းမှုန့်တို့ကို ထည့်ပြီး ကြက်သွန်နီအနည်းငယ်နွမ်းလာသည်အထိ ဆီသတ်ပါ။ ကြက်သွန်နီနွမ်းလာလျှင် ငရုတ်သီးခြောက်၊ ငရုတ်သီးအစိမ်းမှုန့်နှင့် မဆလာတို့ကို ထည့်ပါ။ ပြီးလျှင် ကြက်သွန်နြွီကပ်လာသည်အထိ ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်၍ ဆီသတ်ပြီး မီးဖိုပေါ်မှ ချပါ။

၃။        ပြီးလျှင် အိုးတစ်အိုးထဲ ပဲစင်းငုံထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာပြီဆိုလျှင် ခရမ်းသီး၊ ဘူးသီးနှင့် ဆီသတ်ထားသောအနှစ်ကို ထည့်ပါ။ ပြီးလျှင် ဆား၊ ဟင်းခတ် မှုန့် ထည့်ပြီး ခရမ်းသီးနှင့် ဘူးသီး နူးအိသည်အထိ အဖုံးဖုံးပြီး တည်ပါ။ အိုးအောက် ခြေမှာ ပဲမကပ်စေရန် မကြာခဏ အဖုံးဖွင့်ပြီး မွှေပါ။ ပွက်ပွက်ဆူလာပြီဆိုလျှင် အိုးချလို့ ရပါပြီ။

Facebook Comments