
ဒီအကြော်လေးကတော့ ြွကပ်ြွကပ်မွမွလေးနဲ့ တာရှည်အထားခံတဲ့ အကြော်လေးမို့ ကြော်ပြီး အအေးခံပုလင်းလေးနဲ့ ထည့်ထားရင် ထမင်းချိုင့် ယူရသူတွေအတွက် အဆင်ပြေစေတဲ့ အကြော်လေးပါ။
by ပန်းခရေ for Food Magazine
ပါ၀င္ပစၥည္းမ်ား
ဂျူးမြစ်- ၁၅ကျပ်သား
အသားတု- ၁၀ ကျပ်သား
ပဲပုပ်- ၁၀ ချပ်
မြေပဲအစိမ်း- ၁၀ ကျပ်သား
ငရုတ်ခြောက်တောင့်- လက်တစ်ဆုပ်
ဆီ- ၁၀ ကျပ်သား
ဆား- လက်ဖက်ရည်ဇွန်း၂ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခ်က္နည္း
ဂျူးမြစ်ကို ရေဆေးပြီး နေ့တစ်ဝက်လောက် နေပူပြလိုက်လျှင် ကြော်တဲ့အခါ
ပိုမြန်ပြီး ပိုလည်း မွှေးပါတယ်။ ဂျူးမြစ်ကို လက်တစ်ဆစ်အနေအထားလေးတွေ လှီးထား ပါ။ အသားတုကို ရေစိမ်ပြီး ၃ ခါလောက် ရေဆေး၍ ရေညှစ်ပြီး နနွင်းမှုန့်၊ ဆား၊ သကြား အနည်းငယ်နှင့် နယ်ထားပါ။ မြေပဲအစိမ်းကို ၄ စိတ်ကွဲ ကြိတ်ထားပါ။ ကြိတ်တဲ့အခါ ဆား နှင့် သကြားကို တစ်ခါတည်း ထည့်ကြိတ်ပါ။ စပြီးကြော်မည်ဆိုလျှင် ငရုတ်ခြောက်တောင့် ကို ကြော်ပါ။ ပဲပုပ်ချပ်ကို ကြော်ပြီး ဆယ်ယူထားပါ။ အသားတုကိုလည်း ရေမကျန်စေဘဲ ြွကပ်မွနေအောင် ကြော်ပါ။ ပဲပုပ်ချပ်ကို အပိုင်းအစလေးတွေဖြစ်အောင် ချိုးထားပါ။ ကျန်ဆီထဲ ကြိတ်ထားတဲ့ မြေပဲများထည့်ပြီး မီးအေးအေးနဲ့ကြော်ပါ။ မြေပဲက အကျွမ်း လွယ်တတ်လို့ သတိထားပါ။ မြေပြွဲကပ်ရွပြီး မွှေးလာလျှင် ကြော်ထားတာတွေအားလုံး သမအောင် ရောမွှေ၍ အအေးခံပြီး ပုလင်းလေးနဲ့ထည့်ထားလျှင် အကြာကြီးထားပြီး စားလို့ရပါတယ်။