ဂွေးသီးထောင်း

Facebook Comments

by တင်တင်ဦး for Food Magazine

ပါ၀င္ပစၥည္းမ်ား

ဂွေးသီး –  ၄ လုံး

ကြက်သွန်ဖြူ-  ၃၀ ဂရမ်

ငရုတ်သီးစိမ်း-  ၄၀ တောင့်

ပုစွန်လှော်-  ၅၀ ဂရမ်

မျှင်ငါးပိ –  လက်ဖက်ဇွန်း ၁ ဇွန်း

ဆား-  လက်ဖက်ဇွန်း ၁ ဇွန်း

ငရုတ်သီးအကျက်မှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ခ်က္နည္း

ပုစွန်နှင့် ငရုတ်သီးစိမ်းတို့ကို ဦးစွာ‌လှော်ပြီး အအေးခံထားပါ။ ပြီးလျှင် ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်လှော်၊ မျှင်ငါးပိနှင့် ဆားတို့ကို ထည့်ပြီး ထောင်းပါ။ ပြီးလျှင် ငရုတ်သီးအကျက်မှုန့်နှင့် ဂွေးသီးတို့ကို ထည့်၍  ညက်အောင်ထောင်းပြီးလျှင် ရပါပြီ။