ဆိတ်ဖူးထောင်း

Facebook Comments

by တင်တင်ဦး for Food Magazine

ပါ၀င္ပစၥည္းမ်ား

ဆိတ်ဖူး-  ၅၀ ဂရမ်

ငရုတ်သီးစိမ်း-  ၂၀ တောင့်

မန်ကျည်းသီးစိမ်း-  ၅၀ ဂရမ်

ကြက်သွန်ဖြူ-  ၃၀ ဂရမ်

မျှင်ငါးပိ-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပုစွန်ခြောက်မှုန့်-  စားပွဲဇွန်း ၁ ဇွန်း

မြေပဲလှော်-  စားပွဲဇွန်း ၁ ဇွန်း

ဆား-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခ်က္နည္း

ဆိတ်ဖူးထောင်းပြုလုပ်ဖို့အတွက် ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို လှော်ထားတာနှင့် မန်ကျည်းသီးစိမ်းတို့ကို ထည့်ပြီး ထောင်းပါ။ အတော်အသင့် ညက်သွားပြီဆိုလျှင် ဆိတ်ဖူး၊ မျှင်ငါးပိမီးဖုတ်နှင့် ပုစွန်ခြောက်မှုန့်၊ ထောင်းထားသော မြေပဲလှော်တို့ကို ထည့်ပြီး ညက်အောင် ရောထောင်းပါ။ ပြီးလျှင် အရသာအတွက် ဆားထည့်ပြီး နှံ့အောင်မွှေပေးလိုက်လျှင် အရသာရှိတဲ့ ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်းလေး ရပါပြီ။