
by တင်တင်ဦး for Food Magazine
မိုးအေးအေးလေးမှာ ထမင်းမြိန်စေဖို့အတွက် ဇရစ်ရိုးနဲ့ ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ဇရစ်ရိုး – ၁ စည်း
ကင်ပွန်းချဉ် – ၂ စည်း
ပုစွန် – ၂၀ ကျပ်သား
ဟင်းချက်အနှစ် – စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၄ မြွှာ
ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နံနံပင် – အနည်းငယ်
ဆား – အနည်းငယ်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ – ၁ ၁/၂ လီတာ
မျှင်ငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
၁။ ဇရစ်ရိုးနှင့် ကင်ပွန်းချဉ်ကို ပြင်ဆင်ပြီး ရေစင်အောင် ဆေးထားပါ။
၂။ ပုစွန်ကို အခွံနွှာ၍ ကျောခွဲသန့်စင်ပြီး ဆား၊ နနွင်းမှုန့်၊ ငံပြာရည်တို့နှင့် နယ်ထားပါ။ ပုစွန်အခွံနှင့် ခေါင်းကို ရေနှင့်သေချာဆေး၍ အိုးထဲ ရေထည့်ပြုတ်ပြီး အချိုရည် ယူထားပါ။
၃။ ပြီးလျှင် ဇရစ်ရိုး၊ ကင်ပွန်းချဉ်၊ ပုစွန်၊ ကြက်သွန်နီ၊ ဟင်းချက်အနှစ်၊ မျှင်ငါးပိနှင့် အရသာအားလုံး ထည့်ပြီး ကျက်သည်အထိ ချက်ပါ။ ပြီးလျှင် ပုစွန်အခွံပြုတ်ရည် လောင်းထည့်ပြီး ဆူပွက်သည် အထိ တည်ပါ။
၎။ နောက်ဆုံးမှာ နံနံပင်ထည့်ပြီး ချက်ပါ။