
တက်ပြားဖူးကို ေကျးလက် ေဒသ ေရစပ်စပ်ရှိေသာေနရာများ၌ အေလ့ကျေပါက်ေသာ တက်ပြားပင်ေလးများမှ ရပါသည်။ တက်ပြားပင်ကို အထက်အညာေဒသ၌ ဟင်းညံပင်ဟု ေခါ်ကြသည်။ အပင်မှာနူးညံ့ပြီး တက်ပြားဖူးကို အတို့အမြှုပ်အဖြစ်လည်းေကာင်း၊ အသုပ်အဖြစ်လည်းေကာင်း၊ အချဉ်ဟင်းအဖြစ်လည်းေကာင်း ေတာသူေတာင်သားများ နှစ်ခြိုက်စွာ စားသုံးကြသည့် ေတာစာဟင်းရွက်ေလးများ ဖြစ်ပါ၏။ မိုးနှင့် ေဆာင်းရာသီများ၌ တက်ပြားဖူးကို ေပါေပါများများ ေတွ့ရသည်။
U San Lwin
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
တက်ပြားဖူး – ၃ စည်း
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်နီဆီချက် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
နှမ်းေလှာ် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပုစွန် ေခြာက်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီးစိမ်း – ၃ ေတာင့်
ငံပြာရည် – အနည်းငယ်
မန်ကျည်းသီး – အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
တက်ပြားဖူးများကို အရင့်ပိုင်းများဖယ်၍ မန်ကျည်းမှည့်နှင့် နူးရုံေလးပြုတ်ပြီး အေနေတာ်လှီးဖြတ်ထားပါ။ ကြက်သွန်နီ ပါးပါးလှီးေရေဆးပြီး စစ်ထားပါ။ ငရုတ်သီးစိမ်းေတာင့်များ လှီးပြီး အသင့်ပြင်ထားပါ။ အားလုံးပြီးပါက ဇလုံတစ်လုံး၌ တက်ပြားဖူး၊ ကြက်သွန်နီလှီးပြီးသားများနှင့် ပဲမှုန့်၊ နှမ်းေလှာ်၊ ငံပြာရည်၊ ပုစွန်ေခြာက်မှုန့်များထည့်၍ ဆီကျက်ေလာင်းကာ ဖွဖွနယ်၍ သုပ်ပါ။ စားရာ၌ ကြွပ်ကြွပ်ကေလးနှင့် အရသာေတွ့သည့် အသုပ်ကေလးဖြစ်ပါသည်။