
ပုစွန်ကို ရှောက်ရည်ဖြင့်စိမ်ပြီး ငါးပိထည့်ကာ အရွက်တို့နဲ့ စားလို့ရတဲ့ ငါးပိတို့စရာ ဟင်းလျာပုံစံမျိုးပါ။ မြန်မာထမင်းဝိုင်းကို ပိုပြီးပြည့်စုံစေပြီး ခံတွင်းတွေ့စေတာကတော့ ငါးပိတို့စရာဆိုရင် မမှားပါဘူး။ ဒီလမှာတော့ ပုစွန်စိမ်းကောနှင့် တို့စရာကို ခံတွင်းတွေ့စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
by Htain Lin Maung for Food Magazine
ပါ၀င္ပစၥည္းမ်ား
ပုစွန်- ၂ဝဝ ဂရမ်
ရှောက်သီး- ၁ ခြမ်း
ကြက်သွန်နီ- ၂ လုံး
ငါးပိ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း- ၅ တောင့်
ဆား- အနည်းငယ်
ဆလတ်ရွက်- ၁ စည်း
ကန်စွန်းရွက်- ၁ စည်း
ရှောက်ရွက်- ၁ စည်း
မြင်းခွာရွက်- ၁ စည်း
ပူဒီနာရွက်- ၁ စည်း
ခ်က္နည္း
၁။ ပုစွန်ကို သေချာစွာ အခွံခွာ၍ ဆေးကြောပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်၍ လက်ဖြင့် အတုံးသေး သေးလေးများ ဖြစ်သည်အထိ ဖိညှစ်ပါ။
၂။ ရှောက်သီးကို အခွံနွှာ၍ ရှောက်ရည်ညှစ်ပြီး ပုစွန်ထည့်ထားသော ပန်းကန်ထဲ ပုစွန်များ မြုပ်သည် အထိ လောင်းထည့်၍ ၁၀ မိနစ်ခန့် ထားပါ။
၃။ ငါးပိကို ကင်ပြီး အချဉ်စိမ်ထားသော ပန်ကန်ထဲ ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငရုတ်သီး စိမ်းနှင့် ဆား အနည်းငယ်တို့ ထည့်ပြီး တို့စရာအရွက်များဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။
၄။ တို့စရာအတွက် ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ရှောက်ရွက်၊ မြင်းခွာရွက်နှင့် ပူဒီနာရွက်တို့ကို သေချာစွာ ရေဆေးပြီး ပုစွန်စိမ်းကောနှင့် တွဲဖက်စားသုံးနိုင်ပါပြီ။