ဗုံလုံသီးနဲ့ ကြက်ဥအစပ်မွှေကြော်

 

FD-14

လွယ်လွယ်ကူကူနဲ့ ချက်စားနိုင်ဖို့ ဗုံလုံသီးနဲ့ ကြက်ဥအစပ်မွှေကြော်ပါ။ သက်သတ် လွတ်စားသူတွေအတွက် တကယ်ကို ထမင်းနဲ့ တွဲဖက်သုံးဆောင်ဖို့ စားလို့ကောင်းတဲ့ ဟင်းလျာတစ်မျိုးပါ။ ခုပဲ တူတူချက်ကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ

  • ဗုံလုံသီး –                   ၁ ခု (၂ဝဝ ဂရမ်)
  • ကြက်သွန်နီ –             ၁ လုံး
  • ကြက်သွန်ဖြူ –            ၂ မြွှာ
  • ငရုတ်ပုပွနီ –              ၂ခု (ရေနွေးဖြင့် ပြုတ်ပြီး အစေ့ထုတ်ထားပါ)
  • ကြက်ဥ –                    ၁လုံး  (ဆား(လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ)ဖြင့် ခလောက်ထားပါ)
  • ဆား –                        လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဟင်းရွက်ဆီ-              စားပွဲဇွန်း ၂ ဇွန်း
  • ရေ –                          ခွက် ၄ ပုံ ၁ ပုံ

ချက်ပြုတ်နည်း

၁။         အရင်ဆုံး ဗုံလုံသီးကို ထပ်ခြမ်းခြမ်းပြီး အစေ့ထုတ်ပေးပါ။

၂။         ပြီးနောက် ဗုံလုံသီးကို မထူမပါးလှီးပေးပါ။

၃။         ငရုတ်ဆုံထဲ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး)တို့ကိုရောပြီး ညက်အောင် ထောင်းပေးပါ။

၎။         ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ရောထောင်းထားသော ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးတို့ကိုထည့်ဆီသတ်ပါ။

၅။         ထို့နောက် ဗုံလုံသီး၊ ဆား ထည့်ပြီး အရောင်ရအောင် ၁ မိနစ်ခန့် ရောမွှေပါ။

၆။         ပြီးလျှင် ဗုံလုံသီးများကို ဒယ်ဘေးကိုကပ်ပြီး အလယ်သို့ ကြက်ဥထည့်ကာ ကြေ အောင် မွှေပေးပါ။

၇။         ပြီးမှ ကြက်ဥမွှေကြော်နဲ့ ဗုံလုံသီးများကိုရောမွှေပြီး ရေထည့်ကာ ရေခန်းသည်အထိ တည်ထားပေးပါ။

၈။         ရေခန်း ဆီပြန်လာလျှင် မီးပိတ်ပြီး အရသာရှိသော ဗုံလုံသီးနဲ့ ကြက်ဥအစပ်မွှေကြော် ကို သုံးဆောင်နိုင်ပါပြီ။

Facebook Comments