ရခိုင်ရိုးရာအစာ … နပျိုးပင်သုပ် (ငှက်ပျောပင်သုပ်)

ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစာမှာ ငှက်ပျောအူကို လက်သုပ် သုပ်စား ကြပါတယ်။ ငှက်ပျောအူသုပ်မယ်ဆိုရင် အကောင်းဆုံးငှက်ပျောက ရေသီလံလို့

အချို့က ခေါ် ကြတဲ့ ရခိုင်ငှက်ပျောပဲဖြစ်ပါတယ်။ ရခိုင်ငှက်ပျောအူက နူးညံ့ပြီး အရသာ ကောင်းလို့ အသုပ်သုပ်စားရာမှာ ပိုပြီးစားကောင်းတာပါ။ ငှက်ပျောအူသုပ်ရာမှာ အစိမ်းအတိုင်း သုပ်စားနိုင်သလို ရေနွေးဖြောပြီးလည်း သုပ်နိုင်ပါတယ်။ ငှက်ပျောအူ သုပ်မည်ဆိုလျှင် အောက်ဖော်ပြပါ ပစ္စည်းများ လိုအပ်ပါတယ်။

Facebook Comments

by စံလွင်(ငါးဦးစီး) for Food Magazine

ပါ၀င္ပစၥည္းမ်ား

ငှက်ပျောအူ-  ငှက်ပျောအူတစ်ပိုင်း

(အရှည် ၁၀ လက်မခန့်)

မျှင်ငါးပိ-  ကွမ်းသီးလုံးခန့်

ပုစွန်ခြောက်မှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်းတောင့်-  ၅ တောင့်

မန်ကျည်းသီး/ဆား

ငရုတ်ကောင်း-  သင့်ရုံ

ခ်က္နည္း

၁။        ငှက်ပျောအူကို အဖတ်လိုက် ခွာပြီး အပေါ်ယံအရင့်ပိုင်းများကို ဖယ်ပစ်ပါ။ ငှက်ပျောအူဖတ်အပေါ်က အကြောများကို စင်အောင် သင်ပြီး ပါးပါးလှီး၍ ဆားရည်စိမ်ပါ။ ပြီးလျှင် ရေနွေးဆူဆူထဲ ၁၀ မိနစ်ခန့် ရေနွေးဖြော၍ ရေအေး စိမ်ပြီး ရေစစ်ထားပါ။

၂။         မျှင်ငါးပိကို မီးကင်ပြီး ဆုံထဲထည့်၍ ငရုတ်သီးစိမ်းတောင့်များကို အညှာေြွခပြီး ရောထောင်းပါ။ မန်ကျည်းရည် စိမ်ထားပါ။

၃။        ပြီးလျှင် ဇလုံတစ်လုံးထဲ ရေစစ်ပြီးသား ငှက်ပျောအူများနှင့်အတူ မျှင်ငါးပိ

ထောင်းပြီးသား အရော၊ မန်ကျည်းရည်လောင်း၊ ငရုတ်ကောင်းနှင့် ပုစွန်ခြောက် မှုန့်တို့ကို ဖြူးပြီး ခပ်ကြမ်းကြမ်းနယ်၍ အပေါ့အငန်မြည်းပြီး ပန်းကန်မှာပြင်ပါ။

၄။        ပူပူစပ်စပ်အရသာနှင့် ကျွတ်ကျွတ်မြည်အောင်ဝါးပြီး အရသာတွေ့လှတဲ့ ရခိုင် ရိုးရာဟင်းလျာ နပျိုးပင်သုပ် (ငှက်ပျောပင်သုပ်) ဖြစ်ပါတယ်။