
ရဲယိုရွက်နှင့် ငှက်ပျောရွက်ကို သုံးပြီး အသီးအရွက်တွေကို စားချင်စဖွယ်ဖြစ်အောင် ပြုလုပ်ထားတဲ့ ဟင်းလျာတစ်မျိုးပါ။ မြန်မာအစားအစာတစ်ခုဖြစ်တဲ့အတွက် မြန်မာ
အရသာကို ရစေပြီး ထမင်းနှင့် လိုက်ဖက်မှုရှိလှတာကို တွေ့ရပါတယ်။ သက်သတ်လွတ် လုပ်စားလို့ရသလို ပင်လယ်စာ၊ အသားတွေကို ထည့်ပြီးလည်း လုပ်စားလို့ရပါတယ်။
by Htain Lin Maung for Food Magazine
ပါ၀င္ပစၥည္းမ်ား
ငှက်ပျောဖူး- ၅၀ ဂရမ်
ရွှေဖရုံသီး- ၁၅၀ ဂရမ်
ကန်စွန်းရိုး- ၅၀ ဂရမ်
ဂေါ်ရခါးသီး- ၈၀ ဂရမ်
မျှစ်- ၁ဝဝ ဂရမ်
ကြက်သွန်နီ- ၁ လုံး
ကြက်သွန်ဖြူ- ၂၅ ဂရမ်
စပါးလင် – ၂ ပင်
ဆီ- စားပွဲဇွန်း ၃ ဇွန်း
အကြော်မှုန့်- စားပွဲဇွန်း ၃ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးအစိမ်းမှုန့်- စားပွဲဇွန်း ၁ ဇွန်း
ရဲယိုရွက်- ၁ စည်း
ငှက်ပျောရွက်- ၅ ချပ်
ပုစွန်- ၁၅၀ ဂရမ်
ခ်က္နည္း
၁။ ငှက်ပျောဖူးနှင့် မျှစ်တို့ကို ပါးပါးလှီးပါ။ ဂေါ်ရခါးသီးနှင့် ရွှေဖရုံသီးတို့ကို အတုံးပုံစံလေးများ လှီးပါ။ ကန်စွန်းရိုးကို အနေတော်အရွယ် လှီးဖြတ်ထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ကို ကြေညက်အောင် ထောင်းပါ။ ဇလုံတစ်လုံးထဲ လှီထားသော အသီးအရွက်များ ထည့်ပါ။ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ကို ထည့်ပါ။ ဆီ၊ ငရုတ်သီးအစိမ်းမှုန့်၊ အကြော်မှုန့်၊ ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီး သမအောင် နယ်ပါ။
၃။ ငှက်ပျောရွက်ကို အဆာပလာထည့်ပြီး ထုပ်တဲ့အခါ အလွယ်တကူ ခေါက်ချိုးနိုင်ရန် ငှက်ပျော
ရွက်ကို အနည်းငယ် မီးကင်ပါ။ ရဲယိုရွက် တစ်ရွက်ချင်းစီကို သေချာစွာ ဆေးကြောပါ။ ပုစွန်ကို အခွံခွာပြီး သေချာစွာ ဆေးကြောသန့်စင်ပါ။
၄။ ဟင်းပေါင်းထုပ် ထုပ်ရန်အတွက် ဦးစွာငှက်ပျောရွက်ခင်းပါ။ အပေါ်မှာ ရဲယိုရွက် ထပ်တင်ပါ။ နယ်ထားသော အသီးအရွက်များကို တစ်ထုပ်စာခန့် ထည့်ပါ။ အပေါ်မှာ ပုစွန်တစ်ကောင်ထည့်ပြီး ငှက်ပျောရွက်ကို ပုံစံကျအောင် သေချာထုပ်ပါ။
၅။ ငှက်ပျောရွက်ဖြင့် ထုပ်ထားသော ဟင်းပေါင်းထုပ်များကို ပေါင်းအိုးထဲမှာ မိနစ် ၂၀ ခန့် ထည့်ပြီး ပေါင်းပါ။
၆။ မိနစ် ၂၀ ခန့် ပေါင်းပြီးပြီးဆိုလျှင် ဟင်းပေါင်းထုပ်ပူပူလေးကို ထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါပြီ။
၇။ ပုစွန်မဟုတ်ဘဲ အခြားအသားများထည့်ပြီး ပြုလုပ်နိုင်သလို အသားမပါဘဲ သက်သတ်လွတ် ဟင်းပေါင်းထုပ်လည်း ပြုလုပ်နိုင်ပါတယ်။