
အသားတုနှင့် ဟင်းရွက်စုံကြော်
အသားတုနှင့်ဟင်းရွက်စုံကိုသက်သတ်လွတ်ခရုဆီဖြင့်ရောကြော်ထားတာပါ။အရမ်းလည်းစားလို့ကောင်းပြီး အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင် . . . ။
ပါဝင်ပစ္စည်းများ
- အသားတု – ၂ဝ ဂရမ်(ရေဖြင့် ၁ဝ မိနစ်ခန့်စိမ်ပြီး ထပ်ခြမ်းခြမ်းပါ)
- မုန်လာဥနီ(အသေး) – ၁၂ ခု
- ပန်းဂေါ်ဖီစိမ်း – ၁ ထုပ် (အတုံးသေးများ တုံးပေးပါ)
- မှိုပွင့်ခြောက် – ၄ ခု (ရေနွေးဖြင့် ပြုတ်ပြီး ၄ ပိုင်းပိုင်းပါ)
- ကြက်သွန်မြိတ် – စည်းဝက် (၁လက်မ အရွယ် ပိုင်းဖြတ်ပါ)
- ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- Vege ခရုဆီ – စားပွဲဇွန်း ၂ ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရေ – ခွက်တစ်ဝက်
- ကော်မှုန့် – စားပွဲဇွန်း ၁ ဇွန်း(ရေအနည်းဖြင့် ရောဖျော်ထားပါ)
- ဟင်းရွက်ဆီ – စားပွဲဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ – ၂ မြွှာ (နုပ်နုပ်စဉ်းပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်အိုးထဲဆီထည့် ဆီပူလျှင် ကြက်သွန်ဖြူဆီသတ်ပေးပါ။
၂။ ပြီးနောက် မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ မှိုထည့်ပြီး ၁ မိနစ်ခန့် ရောမွှေပါ။
၃။ ထို့နောက် အသားတုထည့်၊ အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်၊ သကြား တို့ထည့်ရောမွှေပါ။
၎။ ပြီးမှ ရေ(ခွက်တစ်ဝက်) ထည့်ပြီး ၂ မိနစ်ခန့်တည်ထားပါ။
၅။ ရေအနည်းငယ်ကျန်လျှင် နှမ်းဆီ၊ ကော်ရည်လောင်းချပြီး မီးပိတ်လိုက်ပါ။
၆။ အရသာကောင်းမွန်တဲ့ အသားတုနှင့် ဟင်းရွက်စုံကြော်ကို ပူပူလေး သုံးဆောင်နိုင်ပါပြီ။
Facebook Comments