ဒေသထွက်ရာသီစာ အင်ဥသုပ်

by စံလွင် (ငါးဦးစီး) for Food Magazine

အင်ဥများဟာ မှိုမျိုးနွယ်ဝင် ရာသီစာတစ်မျိုးဖြစ်ပြီး မိုးကျစ ရာသီမှာ ပေါ်လေ့ရှိပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့အတွင်း  အင်ပင်တွေပေါက်တဲ့၊ အင်တောကြီးတွေမှာသာထွက်ရှိတဲ့ ဒေသထွက်ကုန်လို့လည်း ဆိုရမှာပါ။ အင်ဥတွေက အင်ဖက်အဆွေးတွေရဲ့ အောက်မှာ ပေါက်လေ့ရှိတာမို့ အင်ဖက်တွေကို လှန်လှော ဖယ်ရှားပြီး ရှာဖွေရပါသတဲ့။ အင်ဥကို စားသုံးရာမှာ ကြော်စား၊ အသားတစ်မျိုးမျိုး (ဝက်သား)နဲ့ ချက်စားကြပေမယ့် အင်ဥအရသာအပေါ်လွင်ဆုံးစားနည်းက သုပ်စား ရတဲ့ အင်ဥသုပ်လို့ ဆိုကြပါတယ်။

ပါဝင်ပစ္စည်းများ

အင်ဥ  –  နို့ဆီဘူး ၁ လုံး

ဆီ  –  ၅ မတ်သား

ကြက်သွန်နီ  –  ၃ လုံး

ပဲမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပုစွန်ခြောက်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

သံပရာသီး  –  ၁ လုံး

ငံပြာရည်/နနွင်းမှုန့်/ဆား  –  သင့်ရုံ

ပြုလုပ်နည်း

၁။       အင်ဥက သစ်ရွက်ဆွေးနဲ့ မြေဆွေးတွေရဲ့အောက်မှာ ပေါက်လေ့ရှိတာမို့ စားသုံးဖို့ ပြင်ဆင်တဲ့အခါ ဖုန်၊ သဲ၊ ခဲ စင်ကြယ်အောင် ရေနဲ့အထပ်ထပ်ဆေးပေးရပါမယ်။ မြေဆွေးနံ့များရှိလို့ အင်ဥအပေါ်က အမည်းရောင်အညှိလေးတွေကို ပွတ်ပြီး ဆေးကြောရပါမယ်။

၂။       ဆေးကြောပြီး အင်ဥများကို ဆားအနည်းငယ်ထည့်၍ နူးအောင်ပြုတ်ပြီး ဓားဖြင့် အနေတော်လှီးပါ။

၃။       ကြက်သွန်နီ ၃ လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ၁ လုံးစာကို ဆီချက်ချက်ထားပါ။

၎။       ပြီးလျှင် ပန်းကန်တစ်ချပ်ထဲ အင်ဥလှီးပြီးသားများကို ထည့်၍ ငံပြာရည်ဖျန်းပြီး သံပရာရည်ညှစ်ကာ နှံ့အောင်နယ်ပြီးလျှင် ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်နှင့် ကြက်သွန် နီ ဆီချက်များလောင်း၍ ဖွဖွနယ်ပြီး သုပ်ပါ။ ゞင်းကို အရံဟင်းလျာအဖြစ် လည်းကောင်း၊ ရေနွေးကြမ်းဖြင့် အမြည်းအနေနှင့်လည်းကောင်း နှစ်သက်စွာ စားသုံးကြပါတယ်။

Facebook Comments