ဒေသရိုးရာ တိုင်းရင်းအစားအစာ တီးတိန် ချင်းရိုးရာ ဘိုင်မင်းကျင်းဟင်းလျာ

by စံလွင် (ငါးဦးစီး) for Food Magazine

ဘိုင်မင်ကျင်း (Vai Min Cinn) ဆိုတာက တီးတိန် ချင်းမျိုးနွယ်စုရဲ့ ရိုးရာဟင်းလျာ ပါ။ မြန်မာလိုတော့ ‘ပြောင်းဖူးပြုတ်ရည်’ လို့ ခေါ်ရမှာဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ ပြောင်းဖူးက အဓိကစိုက်ပျိုးတဲ့သီးနှံဖြစ်ပြီး ချင်းမျိုးနွယ်စုအသီးသီးရဲ့ အခြေခံရိုးရာအစာ တွေမှာ ပြောင်းဖူးဟာ မပါမဖြစ်ပါပဲ။

ဘိုမင်ကျင်းချက်ပြုတ်ရာမှာ ဆုံနဲ့ ထောင်းပြီး အခွံချွတ်ကာ သန့်စင်ထားတဲ့ ပြောင်းဖူးဆံကို ချင်းပဲ (ပဲယဉ်) နဲ့ ရောပြီး ပြုတ်ထားရပါတယ်။ ဟင်းခတ်အနေနဲ့ အသားကို မသုံးဘဲ  ရာသီအလိုက်ပေါ်တဲ့  ဖရုံညွန့်၊ ဖရုံပွင့်၊ ကြက်သဟင်း၊ ခရမ်းသီး၊

ပဲညွန့် အစရှိတဲ့ အသီးအရွက်စုံကို သုံးပါတယ်။ အာဟာရပြည့်ဝပြီး အင်မတန်ခွန်အား

ဖြစ်စေတဲ့ ရိုးရာအစာလို့ ဆိုကြပါတယ်။

ပါဝင်ပစ္စည်းများ

အခွံချွတ်ပြီး သန့်စင်ထားသော ပြောင်းဖူးဆံ  –  နို့ဆီဘူး ၁ လုံး

ချင်းပဲ (ပဲယဉ်)  –  နို့ဆီဘူး ၁/၃ ဘူး

ဟင်းရွက်စုံ  –  သင့်ရုံ

(ဖရုံညွန့်၊ ပဲညွန့်၊ ပဲတောင့်ရှည်၊ ခရမ်းသီး)

ပြုလုပ်နည်း

၁။       ပြောင်းဖူးဆံနှင့် ချင်းပဲ (ပဲယဉ်)ကို ရေဆေး ပြီး ရော၍ အိုးတစ်လုံးနဲ့ နူးအောင် ပြုတ်ပါ။

၂။       ဖရုံညွန့်၊ ပဲညွန့် စသည့် သီးနှံများကို ရေဆေးပြီး သင့်တော်သည့်အရွယ်များ လှီးဖြတ်ထားပါ။

၃။       အိုးထဲမှာ ရောပြီးပြုတ်ထားတဲ့ ပြောင်းဖူးဆံနှင့် ပဲတို့ကို နူးပြီး ပြုတ်ရည်ပျစ်ပျစ် အနေအထား မှာ အသင့်ပြင်ထားတဲ့ အသီးအရွက်စုံများ ခတ်ပြီး နှံ့အောင်မွှေပါ။ ဘိုင်မင်ကျင်းပြုတ်တဲ့အခါ ဆားထည့်မပြုတ်ပါ။ ဆီကို လည်း မသုံးပါ။

၎။       ဘိုမင်ကျင်းပြုတ်ကို ငရုတ်သီးဆားထောင်းနှင့်တွဲပြီး စားကြပါတယ်။ ဘိုမင် ကျင်းက တီးတိန် ချင်းမျိုးနွယ်စုများ အဆာပြေစားလေ့ရှိကြတှဲ့Snack ရိုးရာအစာ ဖြစ်ပါတယ်။

Facebook Comments