
အိန္ဒိယစတိုင်လ် အာလူး၊ ခရမ်းချဉ်သီးဖြင့် အချိုချက်ထားတာပါ။ အရသာက ချိုဆိမ့်ပြီး ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ဖြစ်တာမို့ ခုပဲတူတူချက်ကြည့်ရအောင် . . . ။
ပါဝင်ပစ္စည်းများ
- အာလူးလုံးသေး – ၁ဝ လုံး
- ကြက်သွန်နီ – ၂ လုံး (ပါးပါးလှီးပါ)
- ခရမ်းချဉ်သီး – ၃ လုံး (အစေ့ထုတ်ပြီး ပါးပါးလှီးပါ)
- ဂီး(သို့) ထောပတ် – စားပွဲဇွန်း ၃ ဇွန်း
- ငရုတ်သီးနီ – ၂ တောင့် (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ – ၂ မြွှာ (နုပ်နုပ်စဉ်းပါ)
- သစ်ကြံပိုး အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- သံပရာသီး – ၁ လုံး (အရည်ညှစ်ရန်)
- နံနံပင် – လက်တစ်ဆုပ်စာ (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်နည်း
၁။ ဒယ်အိုးထဲ ရေများများ၊ ဆားထည့်ပြီး အာလူးများကို နူးအိသည်အထိ ပြုတ်ထားပါ။
၂။ ပြီးနောက် အခွံနွှာပြီး ထပ်ခြမ်း(သို့) ၄ စိတ်စိတ်ပေးပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်အိုးထဲ ဂီ(သို့) ထောပတ်ထည့်။ ဂီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနီတို့ကို ဆီသတ်ပေးပါ။
၂။ ပြီးမှ နံနံစေ့မှုန့်၊ သစ်ကြံပိုးမှုန့်၊ နနွင်းမှုန့်တို့ကိုထည့်ကာ ရောမွှေလိုက်ပါ။
၃။ ပြီးနောက် ခရမ်းချဉ်သီး၊ အာလူးထည့်ကာ ၁ မိနစ်ခန့် အရောင်ရသည်အထိ ကြော်ပေးပါ။
၎။ ထို့နောက် အရသာအတွက် ဆား၊ သကြားတို့ကို ထည့်ပါ။
၅။ ပြီးလျှင် ရေ(ခွက် ၁ ခွက်) ထည့်ပြီး ခရမ်းချဉ်သီးနွမ်းသွားသည်အထိ အဖုံးအုပ်ပြီး မီးအတင့် သင့်ဖြင့် တည်ထားပါ။
၆။ ဆီပြန်လာလျှင် အပေါ်မှ သံပရာရည်ညှစ်ထည့် နံနံပင်များအုပ်ပြီး အာလူး၊ ခရမ်းချဉ်သီး ဆီပြန်ဟင်းကို သုံးဆောင်လို့ရပါပြီ။