Veggitables

b

c

a

 

LUNCH BOX SOLUTION


ခေတ်နှင့်အညီ အမီလိုက်မယ့် ခေတ်ရေစီး


ပရိသတ်ကြီးခင်ဗျား ကျွန်တော် သစ်ထူးပါ။ Food Magazine စတင်ထုတ်ဝေပြီး သိပ်မကြာခင်မှာဘဲ Food Magazine နဲ့ လက်တွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော့် ၀ါသနာပါရာ အစားအသောက် ချက်ပြုတ်ခြင်းအတွေ့အကြုံများကို စာရေးရင်းနဲ့တင်ပြလိုတဲ့ စိတ်အပြင် ပြိုင်ဆိုင်မှုတွေများလာတဲ့ ယနေ့ခေတ်ကြီးထဲမှာ အလုပ်စီးပွားရေး အတွက်အချိန်တွေပိုပေးနေရပြီး မိမိတစ်ကိုယ်စာအတွက် ကျန်းမာရေး၊ စားရေး၊ ၀တ်ရေးတွေမှာ  အချိန်နဲ့ငွေတွေ လျှော့သုံးလာရသူတွေရဲ့ အခက်အခဲကို တစ်စိတ်တစ်ပိုင်း ကူညီလိုတာကြောင့် အချိန်တိုတိုစရိတ်နည်းနည်း အရသာရှိရှိချက်ကြမယ်ဆိုတဲ့ ကဏ္ဍလေးစီစဉ်ပြီး ကုန်ကျစရိတ်လည်းသက်သာ အရသာလည်းရှိတဲ့ဟင်း  လျာများကို အချိန်တိုတိုအတွင်းမှာ ပြင်ဆင်ချက်ပြုတ် နိုင်အောင်တင်ပြပေးလာခဲ့ပါတယ်။ဒီနေ့မှာတော့ ကျွန်တော်နဲ့ စိတ်ချင်းတူ ရည်ရွယ်ချက်ချင်းတူတဲ့ ၀န်ဆောင်မှုလုပ်ငန်းတစ်ခု ပေါ်ပေါက်လာတာကြောင့် Food Magazine ပရိတ်သကြီးအတွက် ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီး တင်ပြပေးချင်ပါတယ်။Purple Sky Holdings Company Limited ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ ခေတ်ရေစီးဟာ သူ့ရဲ့ဝန်ဆောင်မှုကို Lunch Box Solution Service လို့နာမည်တပ်ထားပါတယ်။  စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် လုပ်ငန်းခွင်ဝင်ရောက်နေရသူများ  အားလုံးရဲ့ ထမင်းချိုင့်၊ ထမင်းဘူးတွေအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးနိုင်မယ့် လုပ်ငန်းဝန်ဆောင်မှုတစ်မျိုးဖြစ်လို့ Soultion ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်ထိမိစွာ သုံးထားခြင်းဖြစ်ပါတယ်။ ရုံးချိန်မီအောင် ချက်ရပြုတ်ရ၊ ထမင်းဘူးသယ်ရ ထမင်းဘူးတစ်ဖက်နဲ့ လိုင်းကားတိုးစီးရတာတွေအတွက် ဖြေရှင်းပေးမယ့် ၀န်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။

လုပ်ငန်းရှင်၊ အလုပ်ပိုင်ရှင်များဘက်က ကြည့်မယ်ဆိုရင်လည်း မိမိဝန်ထမ်းကို နေ့လယ်စာထမင်း စီစဉ်ပေးနိုင်ခြင်းကြောင့် မိမိဝန်ထမ်းများ အထက်ကပြောခဲ့တဲ့ကိစ္စ ပင်ပန်းစရာများ လျော့နည်းသွားမှာဖြစ်လို့  မိမိဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာနိုင်မယ့် အကျိုးရလဒ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအချက် တွေကြောင့်လည်း ခေတ်ရေစီး Lunch Box Solution Service လုပ်ငန်းကို သွားရောက်လေ့လာပြီး ပရိသတ်များကို မျှဝေပေးဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်။

ခေတ်ရေစီးဟာ ဆိုင်ဖွင့်ရောင်းချနေတဲ့ စားသောက်ဆိုင်မဟုတ်ပါဘူး။ ပင်မ စားဖိုဆောင်ကနေ ချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ လူအများစာဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အစားအစာကိုင်တွယ်ချက်ပြုတ်နေသူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေးစစ်ဆေးမှုများကို တိတိကျကျဆောင်ရွက်နေပြီး ထုတ်လုပ်ရေးအပိုင်းမှာလည်း သန့်ရှင်းမှုရှိစေဖို့ ကုန်ကြမ်း၊ ကုန်ခြောက်၊ ကုန်စိမ်း၊ အသားစိမ်း၊ ငါးစိမ်း စတာတွေ ကိုင်တွယ်ပြင်ဆင်မှုများကို  သီးခြားစီနေရာခွဲခြားပြင်ဆင်ပြီး ချက်ပြုတ်ရာမှာလည်း အဆင့်ဆင့် သန့်ရှင်းဘေးကင်းစေမယ့် စီမံမှုတွေရဲ့အောက်မှာ တိကျစွာ လိုက်နာဆောင်ရွက်ချက်ပြုတ်စေပါတယ်။ ထုတ်လုပ်မှုအဆင့်ဆင့်တိုင်းကို သန့်ရှင်းစင်ကြယ်စေဖို့နဲ့  စားသုံးသူများ ဘေးအန္တာရာယ်ကင်းရှင်းစေရေးအတွက် အဓိကထား လုပ်ဆောင်နေကြတာကိုတွေ့မြင်ခဲ့ရပါတယ်။

အစားအသောက်ချက်ပြုတ်ရာမှာလည်း နေကြာဆီတစ်မျိုးတည်းကိုသာ သုံးထားပြီး အရသာအတွက် အချိုမှုန့်လုံးဝမသုံးဘဲ ကြက်သားမှုန့်ကိုသာသုံးထားတယ်လို့ သိရပါတယ်။ အစားအသောက် ပြင်ဆင်ချက်ပြုတ်မှုကို ၀ါရင့်စားဖိုမှူးများနဲ့ ကျွမ်းကျင်သော စားဖိုမှူးများကိုယ်တိုင် ဦးဆောင်ချက်ပြုတ်နေကြတာဖြစ်ပါတယ်။

ချက်ပြုတ်ပြင်ဆင်ပြီး ထမင်းနဲ့ဟင်းတွေကို မှာယူသူတွေထံအရောက် အပူခံထုပ်ပိုးဘူးများနဲ့ အချိန်မှီပို့ပေးပါတယ်။ နေ့လယ်စာ၊ ညနေစာများကို Mango Package နဲ့ Apple Package ဆိုပြီး ပုံစံနှစ်မျိုးနဲ့ ၀န်ဆောင်မှုပေးပါတယ်။

Mango Package မှာ –
………………………………• ထမင်းအ၀စား
• အဓိကဟင်း (အသားဟင်း)
• အရံဟင်း (အသီးအရွက်ကြော် (သို့) အသုပ်)
• အရည်သောက်
• တွဲဖက်အရံဟင်း (ငါးပိကြော်(သို့)ငါးပိထောင်း) တို့ပါဝင်ပြီး Mango Package ကို ဈေးနှုန်း ၇၀၀ ကျပ် သတ်မှတ်ထားပါတယ်။
Apple Package မှာတော့ –
………………………………….• ထမင်းအ၀စား (ပေါ်ဆန်းမွှေးဆန်အသုံးပြုထားပါတယ်)
• အဓိကဟင်း (၂) မျိုး (အသားဟင်း)
• အရံဟင်း (အသီးအရွက်ကြော် (သို့) အသုပ်)
• အရည်သောက်
• တွဲဖက်အရံဟင်း (ငါးပိကြော် (သို့) ငါးပိထောင်း အစရှိသည်တို့ပါဝင်ပြီး Apple Packageရဲ့ သတ်မှတ်ဈေးနှုန်းကတော့ ၁၄၀၀ကျပ်ဖြစ်ပါတယ်။
Facebook Comments